OSM ၏အချက်အလက်များအကြောင်းခြုံငုံသုံးသပ်ချက်

Reviewed 2016-09-05

OSM ဘယ်လိုအလုပ်လုပ်ပါသလဲ။

OpenStreetMap ၏ အလုပ်လုပ်ပုံကို စူးစမ်းလေ့လာ ကြည့်မည်ဆိုလျင် သုံးစွဲသူလူ ထောင်ပေါင်းများစွာဟာ OpenStreetMap ကိုထပ်မံဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ အဆက်မပြတ်ပြုလုပ်နေကြသည်။ သို့သော် သူ၏ နောက်ကွယ်တွင် မည်သည့်အရာတွေ ဖြစ်ပျက်နေကြသလဲ။

သင် သို့မဟုတ် အခြားအသုံးပြု သူတစ်ယောက်ယောက်မှ OSM ကို ပြန်လည်ပြင်ဆင်နိုင်သော JOSM သို့မဟုတ် iD ကဲ့သော software တစ်ခုခုအသုံးပြု၍ OSM အချက်အလက်ဗဟိုနှင့်ချိတ်ဆက်ပြင်ဆင်သောအခါ သင်၏ ပြောင်းလဲပြင်ဆင်မှုကို ဗဟိုတွင်သိစေနိုင်မည်ဖြစ်သည်။ ၎င်းအချက်အလက်ဗဟိုနေရာသည် OSM မြေပုံအားလုံး၏ ဘူမိဆိုင်ရာသွင်ပြင်လက္ခဏာများနင့် တည်နေရာ သတင်းအချက်အလက်များအားလုံး ပါဝင်သော ပမာဏကြီးမားသည့် အချက်အလက် တည်ရှိရာနေရာဖြစ်သည်။

OSM ကို အခမဲ့လွယ်ကူစွာအသုံးပြုနိုင်ခြင်းကြောင့် မည်သူမဆို ၎င်း၏ ကြီးမားများပြားသောအချက်အလက်များ ထဲမှ အချက်အလက်အားလုံးကို ကူးယူသုံးစွဲနိုင် သည်။ သို့သော် ၎င်းအချက်အလက်များမှာ အရွယ်အစားပမာဏ လွန်စွာကြီးမားသောကြောင့် (အချက်အလက်ပမာဏသည် ချုံ့ထားလျှင်ပင် ၃၀ GB ထက်ပိုများပါသည်) တစ်ချိန်တည်းတွင် အချက်အလက်များအားလုံးကို တစ်ပြိုင်နက်တည်း ပြုလုပ်ရန်မဖြစ်နိုင်ချေ။

ထိုကန့်သတ်ချက်ကြောင့် ဤအခန်းတွင် အချက်အလက်များ ကောက်နုတ်ခြင်း (extracting) နှင့် ထုတ်ယူခြင်း (exporting) နည်းလမ်းများ အမျိုးမျိုးကိုဖော်ပြထားသည်။ အချက်အလက်ထုတ်ယူခြင်း (exporting) ဆို သည်မှာ Open Street Map Data အချက်အလက်များကို ၎င်း၏မူလ format မှ သင်အသုံးပြုရန် လွယ်ကူသော format သို့ပြောင်းလဲထုတ်ယူခြင်းကို ခေါ် သည်။ အချက်အလက်များထုတ်ယူခြင်း (exporting) နှင့် ကောက်နုတ်ခြင်း (extracting) သည်အနည်းငယ်ကွာခြားမှုရှိသည်။ အချက်အလက်များကောက်နုတ်ခြင်း (extracting) ဆိုသည်မှာ မိမိလိုအပ်သောဧရိယာမှ အချက်အလက်များကို ရွေးချယ်၍ကောက်နုတ်ခြင်းဖြစ်သည်။ ၄င်းကိုဧရိယာတစ်ခုမှ မိမိလိုချင်သည့် တိကျသောသွင်ပြင်လက္ခဏာရှိသော အချက်အလက်များကို ဆွဲထုတ်ယူခြင်း ဟုလည်းဆိုလိုခြင်းဖြစ်သည်။ ၎င်းအခေါ်အဝေါ်များကို မကြာခဏအပြန်အလှန်အသုံးပြုလေ့ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုအကြောင်းအရာများကို OSM Data အခန်းတွင်ပိုမိုလေ့လာနိုင်မည်ဖြစ်သည်။

Geodata အသုံးပြုခြင်း

သင်သည် GIS အသုံးပြုဖူးသူတစ်ယောက်မဟုတ်လျှင် JOSM ကဲ့သို့သော OSM Data များကိုပြုပြင်နိုင်သည့် ဆော့ဖ်ဝဲလ်နှင့်Quantum GIS, ArcGIS ဆော့ဖ်ဝဲလ်များ၏ ခြားနားမှုကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။

တည်းဖြတ်နိုင်သော iD သို့မဟုတ် JOSM ဆော့ဖ်ဝဲလ်တွင် Open Street Map ကို လွယ်ကူစွာတည်းဖြတ်နိုင်စေရန် လုပ်ဆောင်ပေးနိုင်သော လုပ်ငန်းဆောင်ရွက်ချက်များပါဝင်နေသည်။ သို့သော် ၎င်းဆော့ဖ်ဝဲလ်များသည် ဆန်းစစ် လေ့လာခြင်း (analyzing)၊ ရွေးချယ်ထုတ်နုတ်ဖော်ပြခြင်း (querying) များအတွက် ရည်ရွယ်သောဆော့ဖ်ဝဲလ် မဟုတ်ချေ။ အခမဲ့အသုံးပြုနိုင်သည့် Quantum GIS (QGIS) ဆော့ဖ်ဝဲလ်သည် အသုံးပြုသူများကို မြေပုံဒီဇိုင်း ကောင်းများဖန်တီးခြင်း၊ ဆန်းစစ်လေ့လာခြင်း (analyzing)၊ ရွေးချယ်ထုတ်နုတ်ဖော်ပြခြင်း (querying) နှင့် အခြားလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနိုင်သည်။ GIS ဆော့ဖ်ဝဲလ်သည် Geodata များကို တည်းဖြတ်ရန်လည်းအသုံးပြုနိုင်သည်။ သို့သော် Open Street Map ကိုတည်းဖြတ်ရန် OSM တည်းဖြတ်နိုင်သောဆော့ဖ်ဝဲလ်များကိုအသုံးပြုခြင်းကသာ ပိုမိုလွယ်ကူစေသည်။

နောက်အခန်းဆက်တွင် ကျွန်ုပ်တို့ Open Street Map နှင့် Geographic Data များနှင့်ယေဘုယျအားဖြင့် ဆက် နွယ်နေသောဖိုင် format များကို အနီးကပ်လေ့လာပါမယ်။ ထို့နောက် OSM data များကို ရယူ၍ ၎င်းကိုတည်းဖြတ် နိုင်ရန်နှင့် ဖိုင်အမျိုးအစားအမျိုးမျိုးသို့ ပြောင်းလဲသတ်မှတ်နိုင်ရန် နည်းလမ်းအမျိုးမျိုးအသုံးပြုပုံကို လေ့လာမည်ဖြစ်သည်။

အချက်အလက်များအားရယူခြင်း

အချက်အလက်များရယူရာတွင် သင်ရယူလိုသောအချက်အလက်များကို မည်သို့ရယူမည်နည်း။

ဤအခန်းတွင် OSM အချက်အလက်များကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူအသုံးပြုပုံကို လေ့လာကြည့်မယ်။ အခမဲ့ Quantum GIS application ကိုအသုံးပြု၍အချက်အလက်များကို အခြေခံမှစ၍စနစ်တကျအကျိုးရှိရှိ အသုံးပြုနိုင်ကြောင်း စိတ်ထဲတွင်မှတ်သားထားပါ။

ကျွန်ုပ်တို့အနေဖြင့် မစတင်ခင် ဝေါဟာရအချို့ကိုလေ့လာကြည့်ရအောင်။ အချက်အလက်ထုတ်ယူခြင်း (exporting) ဆိုသည်မှာ OpenStreetMap Data အချက်အလက်များကို ၎င်း၏ မူလ format မှ သင်အသုံးပြုရန် လွယ်ကူသော format သို့ပြောင်းလဲထုတ်ယူခြင်းကို ခေါ် သည်။ အချက်အလက်များထုတ်ယူခြင်း (exporting) နှင့် ကောက်နုတ် ခြင်း (extracting) သည်အနည်းငယ်ကွာခြားမှုရှိသည်။ အချက်အလက်များကောက်နုတ်ခြင်း (extracting) ဆိုသည်မှာ မိမိလိုအပ်သောဧရိယာမှ အချက်အလက်များကို ရွေးချယ်၍ကောက်နုတ်ခြင်းဖြစ်သည်။ ၎င်းကိုဧရိယာတစ်ခုမှ မိမိလိုချင်သည့် တိကျသောသွင်ပြင်လက္ခဏာရှိသည့် အချက်အလက်များကို ဆွဲထုတ်ယူခြင်းဟုလည်းဆိုလိုခြင်းဖြစ်သည်။ ဤဝေါဟာရများကို ယခုသင်ခန်းစာတွင်မကြာခဏအသုံးပြုမည်ဖြစ်၍ ကွဲပြားခြားနားမှုကိုနားလည်သဘောပေါက်ရန် အရေးကြီးသည်။

The OSM API

OSM အချက်အလက်များ တည်းဖြတ်ခြင်း လုပ်ဆောင် နိုင်ခြင်းသည် API ဟုခေါ်ဆိုသောလုပ်ဆောင်ချက် ကြောင့်ဖြစ်သည်။ API သည် တည်းဖြတ်နိုင်သောဆော့ဖ် ဝဲလ် (editing software) ကို အချက်အလက်သိမ်းဆည်းရာဗဟိုနှင့် ဆက်သွယ်ပေးသည်။ ဥပမာ သင်သည်JOSMကိုအသုံးပြုချိန်တွင် သင်မြေပုံထုတ်လိုသောဧရိယာကို ရွေး ချယ်သောအခါ API call သည် အချက်အလက်သိမ်းဆည်းရာဗဟိုသို့ရောက်ရှိပြီး သင်ရွေးချယ်ခဲ့သောဧရိယာ အတွင်း၌တည်ရှိသောအချက်အလက်များအားလုံးကိုရရှိစေရန်တောင်းဆိုပေးမည်ဖြစ်သည်။

အမှန်တကယ်မှာတော့ သင်သည် JOSMထဲတွင် အချက်အလက်များကို အင်တာနက်မှ ကူးယူ (download) သောအခါ ကမ္ဘာပေါ် မှမိမိရယူလိုသောဧရိယာအတိအကျကို ကောက်နုတ်ကူးယူပေးလိမ့်မည်။ သင်သည် JOSM ထဲတွင် အချက်အလက်များကို အင်တာနက်မှကူးယူပီးcomputer တွင် သိမ်းဆည်းသောအခါ အချက်အလက်၏ ဖိုင်အမျိုးအစားကို.osm ဟု မြင်ရလိမ့်မည်။ဤအကြောင်းကို နောက်အခန်းဆက် တွင် ပိုမိုသိနိုင်မည်ဖြစ်သည်။