Tag ပြုလုပ်ခြင်း − iD editor

tagging

ဤဓါတ်ပုံသည် keymon မောက်စ်ပေါ်ရှိ ဘီး သို့မဟုတ် ခလုတ်များအသုံးပြုသွားပုံနှင့် ကီးဘုတ်ပေါ်ရှိမည်သည့်ခလုတ်များနှိပ်သွားသည်ကိုပြသခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် Tags များလိုအပ်ပါသနည်း။

tag တစ်ခုမပါရှိသော အချက်အလက်တစ်ခုသည် အဓိပ္ပါယ်မရှိသလို မြေပုံများတွင်လည်း ၎င်းအချက်အလက်ကိုဖော်ပြလိမ့်မည်မဟုတ်ပေ။ Tag သည် အရာဝတ္တုတစ်ခုအား အမှန်တကယ်တွင်မည်သည့်အရာတစ်ခုဖြစ်သည်ဆိုသည်ကို ကွန်ပျူတာအားရှင်းပြပေးပါသည်။ သင့်အနေဖြင့် မြေပုံပေါ်တွင် tag ‘မပါသော’ တစ်စုံတစ်ခုကိုရှာတွေ့ပြီဆိုပါက ကျေးဇူးပြု၍ tag ထည့်ပေးလိုက်ပါ။ အပေါ်ဘက် ဓါတ်ပုံထဲရှိ အနီရောင်ဟူ၍ tag ပြုလုပ်ထားသော အဆောက်အဦးကဲ့သို့ အရောင်ကို tag ပြုလုပ်ထားသော အချက်အလက်တစ်ခုကိုတွေ့ပြီဆိုလျှင် သင့်အနေဖြင့် ၎င်းသည် အဖြူရောင်ဟူ၍ စုံစမ်းသိရှိပြီး လွဲချော်နေခဲ့လျှင် tag ကိုထည့်ပေးပါ။

tagged-building

Tasking Manager ထဲတွင် စီမံကိန်း(project) ရေးသားသူသည် မြေပုံရေးဆွဲသူအနေဖြင့် မည်သည့် editor ကို အသုံးပြုနေသည်ဆိုသည်ကို သိရှိလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ညွှန်ကြားချက်များတွင် အောက်ပါမှတ်ချက်ကဲ့သို့ဆင်တူသော မှတ်ချက်တစ်ခုရရှိနိုင်ပါသည်။

  • အဆောက်အဦးများတွင် လုံးဝန်းသောအဆောက်အဦးများသည် ယေဘုယျအားဖြင့် လုံးဝန်းသောတဲများဖြစ်ကြပြီး ၎င်းတို့ကို iD ထဲတွင် Building Features / Building နှင့် building=yes ဟူ၍ JOSM ထဲတွင် tag လုပ်ထားသင့်ပါသည်။

အကယ်၍ သင့်အနေဖြင့် အချက်အလက်တစ်ခုပေါ်တွင် မည်သည့် tag သည် အမှန်ဖြစ်သည်ဆိုသည်ကို စစ်ဆေးလိုပါက ၎င်း tag ပေါ်သို့ click နှိပ်လိုက်ပါ။ ထို့နောက် tag ပြုလုပ်ထားသော pane ၏ အောက်ခြေသို့ scroll ဖြင့်သွားပါ။ ပြီးလျှင် အောက်ဘက်ရှိ All Tags ကိုကြည့်ပါ။

Tags များ − အကျဉ်းချုပ်ရှင်းပြချက်

သင့်အနေဖြင့် အချက်အလက်တစ်ခုကို ရွေးချယ်ပြီး All tags ပေါ်သို့ click နှိပ်လိုက်ပါက အောက်ပါကဲ့သို့ label တစ်ခုကိုတွေ့မြင်ရလိမ့်မည်ဖြစ်ပါသည်။

building yes

၎င်းသည် အဆောက်အဦးအတွက် အခြေခံအကျဆုံးသော tag ဖြစ်ပြီး Tasking Manager ပေါ်ရှိ task တစ်ခုမှ အဆောက်အဦးများကိုလိုက်ထပ်ရေးဆွဲသောအခါ အသုံးပြုရန်အကြံပြုထားသော tag ဖြစ်ပါသည်။

အကယ်၍သင့်အနေဖြင့် အဆောက်အဦးတစ်ခုသည် မည်သည့်အဆောက်အဦးဖြစ်သည်ကို အတိအကျသိသည်ဆိုလျှင် အောက်ပါကဲ့သို့ ပိုမိုအသေးစိပ်သော tag ကိုအသုံးပြုရလိမ့်ဖြစ်သည်။
building house
building school
သို့မဟုတ် အခြားများစွာသော tags များထဲမှ တစ်ခုကိုသုံးရလိမ့်မည်ဖြစ်သည်။ အဆောက်အဦးများအား tag ပြုလုပ်ခြင်းအတွက် ပိုမိုအသေးစိပ်သောအချက်အလက်များကို https://wiki.openstreetmap.org/wiki/Buildings တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

အဝေးပြေးလမ်းမကြီးအား tag ပြုလုပ်ခြင်းအကြောင်း ပိုမိုများပြားသော သတင်းအချက်အလက်အတွက် HOT - အကြောင်းသိကောင်းစရာများအပိုင်း၏ အမြန်လမ်းမကြီးအပိုင်း (Highways section) တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်နွယ်မှုများ (Relations) - မြစ်တစ်ခုအတွင်းရှိ အဆောက်အဦးများရှိသောအိမ်ခြံဝင်း သို့မဟုတ် ကျွန်းများကဲ့သို့ ဆက်နွယ်မှုများ

အချို့သောအင်္ဂါရပ်များတွင် ၎င်းတို့ကိုယ်တိုင်ပေါ်၌မရှိသော ဆက်နွယ်မှု (Relation) တစ်ခုပေါ်တွင် ၎င်းတို့၏ tags များရှိပါသည်။ ဆက်နွယ်မှု (relation) တစ်ခုကိုဖော်ပြသော မျက်နှာပြင်ကို သင်မြင်ရလျှင် မြေပုံရေးဆွဲခြင်းစတင်သူတစ်ယောက်အတွက် အကောင်းဆုံးအကြံဉာဏ်မှာ ‘တစ်ယောက်တည်း ထွက်သွားလိုက်ရန် (leave alone)’ သာဖြစ်သည်။

ဆက်နွယ်မှုများ (relations) အကြောင်းပိုမိုသိရှိလိုပါက (စတင်လေ့လာသူအတွက် ဘာသာရပ်တော့မဟုတ်ပါ) အောက်ပါနေရာတွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

LearnOSM - JOSM - Relations ၎င်းသည်ဆက်နွယ်မှုများ (relations) ကိုရှင်းပြမည်ဖြစ်သော်လည်း မတူညီသော OSM editor ကိုအသုံးပြုထားပါသည်။ သို့မဟုတ်ပါက
https://wiki.openstreetmap.org/wiki/Relation တွင်လည်း သွားရောက်လေ့လာနိုင်ပါသည်။

အောက်ပါများကိုလည်းကြည့်ရှုပါ။

Tags များအတွက် ပိုမိုပြည့်စုံသောစာရင်းကို https://wiki.openstreetmap.org/wiki/Map_Features တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

one-mnute-tutorial-videos
အချို့သောဘာသာစကားများဖြင့် စာတန်းထိုးထားသောဗီဒီယိုများရရှိနိုင်ပါသည်။