ဝေါဟာရအနက်အဓိပ္ပါယ်

ဤဝေါဟာရအနက်အဓိပ္ပါယ်သည် Will Skora ရေးသားထားသောလမ်းညွှန်နှင့် OpenStreetMap Wiki အပါအဝင် အခြားသောအရင်းအမြစ်များမှ ရေးသားကောက်နှုတ်ထားပြီး update ပြုလုပ်နေသောလုပ်ငန်းစဉ်ထဲတွင်ရှိပါသည်။ ကျွန်ုပ်တို့၏ website တွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် CONTRIBUTING.md တွင်ပြန်လည် ဆန်းစစ်သုံးသပ်ခြင်းဖြင့် update ပြုလုပ်ရာတွင် လွတ်လွတ်လပ်လပ် ကူညီနိုင်ပါသည်။ Reviewed 2015-07-18

ဤဝေါဟာရအနက်အဓိပ္ပါယ်များကို အလွယ်တကူရှာဖွေရန်အတွက် သင်၏ဝက်ဘ် browser တွင် Ctrl+fကိုတွဲနှိပ်ပြီး ပေါ်လာသောရှာဖွေမှုအကွက်တွင် ရိုက်ထည့်ရှာဖွေနိုင်ပါသည်။

3W ။ ။ ဘယ်သူ၊ ဘယ်ဟာ(ဘယ်အရာ)၊ ဘယ်နေရာ။ ဘယ်သူက ဘယ်ဟာကို ဘယ်နေရာမှာလုပ်သလဲ … စသည်။

AAR ။ ။ လုပ်ငန်းပြန်လည်ဆန်းစစ်ခြင်း (After Action Review) ။ လေ့ကျင့်ခန်း သို့မဟုတ် လုပ်ဆောင်ချက်ကိုလေ့လာရန်နှင့် တိုးတက်ကောင်းမွန်စေရန် အကဲဖြတ်သည့် အဖွဲ့လိုက်လုပ်ဆောင်မှု။

Activation (HOT term) ။ ။ တစ်ခါတစ်ရံတွင် အကြပ်အတည်း၊ သဘာဝဘေးအန္တရာယ် နှင့် အရေးပေါ် လုပ်ဆောင်ချက်များကို ရည်ညွန်းသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်းတွင် ကာလရှည်ထက် ဘေးအန္တရာယ်ဖြစ်စဉ်၏ အရေးပေါ်တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးအဆင့်တို့နှင့်ပတ်သက်သော ကာလတိုအတွက်ကြိုတင်ပြင်ဆင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုကဲ့သို့ တိကျသည့်ဖြစ်ရပ်တစ်ခုကို ယေဘုယျအားဖြင့်ဖော်ညွှန်းသည်။

Activator(s) ။ ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ OSM အဖွဲ့ (HOT) မှစေတနာ့ဝန်ထမ်းများဖြစ်ပါသည်။ ထိုသူတို့သည် လေ့ကျင့်ရေးသင်တန်းများပြီးဆုံးထားရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရန်အတွက် ရှိပြီးသားဝန်ထမ်းတစ်ဦးဦး၏ ထောက်ခံချက်ကိုရရှိရမည်ဖြစ်သည်။

AOI : သက်ရောက်ဧရိယာ(Area of Interest) ။ ။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဘက်အဖွဲ့များ၊ မြေပြင်ကွင်းဆင်းအဖွဲ့များနှင့် OSM ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတို့နှင့် တိုင်ပင်ညှိုနှိုင်းလျက် လုပ်ငန်းညှိုနှိုင်းရေးမှူးများက သတ်မှတ်ထားသောလုပ်ငန်းဧရိယာ။

Changeset ။ ။ OSM ဒေတာများတွင် သင်ပြုလုပ်ခဲ့သော ပြောင်းလဲမှုအစုစု။ OSM အချက်အလက်သိုမှီးမှုကို ဆောင်ရွက်ပြီးပါက သင်ပြုလုပ်သော တည်းဖြတ်ပြောင်းလဲမှုများကို အခြားအသုံးပြုသူများက download ပြုလုပ်ခြင်းဖြင့် လက်ငင်းရယူသုံးစွဲနိုင်သည်။ ထိုကဲ့သို့တည်းဖြတ်ပြောင်းလဲမှုများသည် မြေပုံတွင်ပေါ်ရန်အတွက် မိနစ်အနည်းငယ် သို့မဟုတ် နာရီများစွာကြာကောင်းကြာနိုင်ပါသည်။

COD : Common Operational Database ။ ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ် အမျိုးမျိုးအတွက် ပထဝီဝင်ဆိုင်ရာအချက်များစုစည်းပါဝင်သော အချက်အလက်သိုမှီးမှု။ အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေး(လမ်း၊တံတား၊ဆိပ်ကမ်း.စသည့်)၊ လူဦးရေပျံ့နှံ့မှု(အခြေချနေထိုင်မှု)၊ အုပ်ချုပ်ရေး နယ်နိမိတ်၊ ဇလဗေဒ(မြစ်၊ချောင်း.စသည့်)နှင့် hypsography (မြေပြင်အနိမ့်၊အမြင့်နှင့် ကွန်တိုပုံများ) စသည်ဖြင့်ပါဝင်သည်။ လူဦးရေစာရင်းဇယားအတွက် သွယ်ဝိုက်အရင်းအမြစ်အဖြစ် အဆောက်အဦ များလည်းပါဝင်နိုင်သည်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံးမှ အသုံးပြုလျက်ရှိသည်။

DHN : Digital Humanitarian Network ။ ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်အတွက် ဒစ်ဂျစ်တယ်နည်းပညာကွန်ယက်အသုံးပြုရန်တွန်းအားပေးသည့်အဖွဲ့အစည်း။

Extract ။ ။ OSM ဒေတာအချက်အလက်များကိုခြုံငုံသုံးသပ်ချက် (OSM Data Overview) တိုင်းပြည်၊ နိုင်ငံ သို့မဟုတ် ပထဝီဒေသတစ်ခုကဲ့သို့ တိကျသောဧရိယာအတွက် OSM ဒေတာအချက်အလက်များ၏ ကြီးမားသောအစိတ်အပိုင်းတစ်ရပ်။

Field Papers ။ ။ အလွယ်တကူပုံနှိပ်ရယူခြင်းနှင့် မှတ်စုရေးထည့်ခြင်းတို့ကို ပြုလုပ်နိုင်သည့် ကမ္ဘာ့မည့်သည့်နေရာအတွက်မဆို ပုံနှိပ်ထုတ်နိုင်သောမြေပုံစာအုပ်များ လွယ်ကူစွာဖန်တီးနိုင်ရန်အတွက် အသုံးပြုသော အင်တာနက်အခြေခံမြေပုံဆွဲကိရိယာ။ အသေးစိတ်သိရှိလိုပါကဖော်ပြပါအင်တာနက်စာမျက်နှာသို့ဝင်ရောက်လေ့လာပါ။ http://fieldpapers.org/

FOD : Fundamental Operational Database ။ ။ ကျန်းမာရေးအထောက်အပံ့များ၊ ကျောင်းများ၊ ရေပေးဝေခြင်း၊ ရေလွှမ်းမိုးမှုအတိုင်းအတာနှင့် အဆောက်အဦးပျက်စီးပြိုကျမှုများ စသည်တို့လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သတ်သတ်မှတ်မှတ်ထားရှိသော အခြေခံဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ။

GDACS : ကမ္ဘာ့သဘာဝဘေးအန္တရာယ်သတိပေးချက်နှင့်ညှိုနိုင်းရေးစနစ် (Global Disaster Alert and Coordination System) ။ ။ ယင်းသည်ကုလသမဂ္ဂလက်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုဖြစ်သည်။ ပြင်းထန်သောသဘာဝဘေးအန္တရာယ်ဆိုးများဖြစ်ပေါ်ပြီးနောက် ပထမအဆင့်အဖြစ် သတင်းအချက်အလက်နှင့် ညှိုနှိုင်းဆောင်ရွက်မှုများလစ်ဟာမှုကိုဖြည့်ဆည်းရန် ရည်ရွယ်ထားပြီး ကမ္ဘာတစ်ဝှမ်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲသူများနှင့် သဘာဝဘေးဥပါဒ်သတိပေးမှုစနစ်တို့ပါဝင်သည်။

iD အသုံးပြုတည်းဖြတ်ခြင်း (iD editor) - Mapbox မှပုံစံရေးဆွဲထားသည့် စတင်အသုံးပြုသူများ အကျွမ်းတဝင်ရှိစေသော အင်တာနက်အခြေခံ OpenStreetMap အယ်ဒီတာ။

IDP : ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(Internally Displaced Person) ။ ။ နိုင်ငံနယ်နိမိတ်တစ်ခုအတွင်း၌ မိမိတို့နေရပ်မှ စွန့်ခွါရန်အတင်းအကြပ်စေခိုင်းခြင်းခံရသော လူပုဂ္ဂိုလ်။

JOSM ကြေငြာထားပြီးဖြစ်သော Java ပရိုဂရမ်ဘာသာစကား “Jaws-um” ဖြင့်ရေးသားထားသည့် OpenStreetMap အယ်ဒီတာ။

Layer ။ ။ မြေပုံတွင်ဖော်ပြထားသော ဒေတာ အရင်းအမြစ်တစ်ခု။ (အတူတကွတွဲစပ် ဖော်ပြလျက်ရှိသော အစုအဝေးအဖြစ် တွေးမြင်နိုင်သည်။)

NGO : အစိုးရမဟုတ်သောအဖွဲ့အစည်း(Non Govermental Organisation / Agency) ။ ။ အများအားဖြင့် အကျိုးအမြတ်အဓိကမထားဘဲ နိုင်ငံသားများပါဝင်ဖွဲ့စည်းထားသော ဒေသတွင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာအဆင့်အဖွဲ့အစည်း။

Node ။ ။ OpenStreetMap အချက်အလက်ဒေတာ ပုံစံတွင် အခြေခံကျသောအစိတ်အပိုင်းများမှတစ်ခုဖြစ်သည်။ လတ္တီတွဒ်၊ လောင်ဂျီတွဒ်နှင့် အမှတ်အသားတို့ဖြင့်ဖော်ပြသော အစက်တစ်စက်ဖြစ်သည်။ ယင်းကိုသီးခြားတည်ရှိသောအမှတ်(အစက်)လက္ခဏာရပ်များအဖြစ်အသုံးပြုနိုင်ပြီး အရာဝတ္တုတစ်ခု၏ပုံသဏ္ဍာန် သို့မဟုတ် လမ်း၏ “လမ်းကြောင်း” ကိုဖော်ပြရန်အတွက်လည်း အသုံးပြုလေ့ရှိသည်။

OCHA : ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံး(United Nations Office for the Coordination of Humanitarian Affairs)။ ။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံး(OCHA) သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် တာဝန်ယူဆောင်ရွက်သည်။ လူသားချင်း စာနာထောက်ထားမှုကိစ္စအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ပူးပေါင်းပါဝင်မှုအတွက် မူဘောင်ချမှတ်ဆောင်ရွက်လျက်ရှိသည်။

POC : Point of Contact ။ ။ စုံစမ်းမှုများ၊ မေးခွန်းများနှင့် ညှိုနှိုင်းမှုများအတွက်ဆက်သွယ်ဆောင်ရွက်နိုင်သည့် လူပုဂ္ဂိုလ်(များ)။

Relation ။ ။ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အညွှန်းများ၊ အမှတ်(အစက်) များ၊ လမ်းကြောင်းများနှင့် ချိတ်ဆက်မှုများပါဝင်သောအခြေခံဒေတာအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အခြားသောအခြေခံအစိတ်အပိုင်းများအကြား အကျိုးအကြောင်းသင့် သို့မဟုတ် ပထဝီဝင်ဆိုင်ရာဆက်နွယ်မှုများကို ဖော်ပြရာတွင်အသုံးပြုသည်။ ဥပမာအနေဖြင့် ဆက်နွယ်မှုအမျိုးအစားများ(Types of Relations) wiki page ကိုဝင်ရောက်လေ့လာကြည့်ပါ။

Render ။ ။ ဒေတာအချက်အလက်မှ ရုပ်ပုံအဖြစ်ပြောင်းလဲရန်ဖြစ်သည်။ ထိုသို့ပြောင်းလဲထားသော ဒေတာအချက်အလက်သည် မြေပုံဖြစ်၏။

SBTF : အသင့်ရှိသောလုပ်အားပေးအဖွဲ့ (Stand-By Task-Force) ။ ။ စေတနာ့ဝန်ထမ်းများကို သဘာဝဘေးအန္တရာယ်ဆိုက်ရောက်မှုများဖြစ်ပေါ်နေသောနေရာများသို့ ဖြန့်ကျက်ပြီး အလျှင်အမြန် တုံ့ပြန်ရန် လေ့ကျင့်ပြင်ဆင်ထားသော စုစည်းမှုကွန်ယက်တစ်ခု ဖြစ်သည်။

Slippy Map ။ ။ http://www.openstreetmap.org အင်တာနက်စာမျက်နှာကို ဝင်ရောက်ပါက မြင်တွေ့နေရသော အပိုင်းပင်ဖြစ်သည်။ မြေပုံမျက်နှာပြင်အလွှာနှင့် မြင်ကွင်းအချုံ့၊အချဲ့၊ နေရာအရွှေ့ အပြောင်းတို့ကဲ့သို့ လက္ခဏာရပ်များကိုထိန်းချုပ်သော software library တစ်ခုတို့ ပါဝင်ဖွဲ့စည်းထားသည်။

Stylesheet ။ ။ ဖြစ်စဉ်အများစုတွင် မြေပုံပေါ်၌ ဖော်ပြမည့်အရာများအတွက်သတ်မှတ်ချက်များ ပြုလုပ်သော ကွန်ပျူတာနည်းပညာဆိုင်ရာစာသားဖြစ်သည်။ ဥပမာ … မည်သည့်လမ်း၊ အရောင်သတ်မှတ် ချက်နှင့် မျဉ်းကြောင်းအထူ စသည်တို့ကိုသတ်မှတ်ပေးသောစာသားများဖြစ်သည်။

Tag ။ ။ အမှတ်(အစက်)၊ မျဉ်းကြောင်းနှင့် ဗဟုဂံများ(ပုံသဏ္ဍာန်) (Polygons) ကိုဖော်ပြပေးသော အညွှန်းဖြစ်သည်။ အညွှန်းကိန်း(key)နှင့် အညွှန်းတန်ဖိုး(value) ဟူ၍ပါဝင်သည်။ OSM တွင် အညွှန်းတန်ဖိုးကို အညွှန်းကိန်းအတွင်းထည့်သွင်းဖော်ပြသည်။ (‘key=value’) ဥပမာ … လမ်းမကြီး=လူနေရပ်ကွက်ရှိလမ်း(highway= residential)၊ လမ်းအမည်(name)= Woodland Avenue စသည်ဖြင့် ဖြစ်ပါသည်။ OSM ကိုလေ့လာခြင်းသင်ခန်းစာရှိ iD section အပိုင်းတွင် အမှတ်၊မျဉ်းကြောင်းနှင့် polygon တစ်ခုတွင် တစ်ခုထက်ပိုသောအညွှန်းများရှိနိုင်ကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။ တခါတရံတွင် အညွှန်းမှန်အောင်ရွေးချယ်ရန် စိတ်ရှုပ်ထွေးစေနိုင်သည်။ Taginfo တွင်အညွှန်းများအကြောင်းဖော်ပြပေးထားပြီး အသုံးပြုပုံ၊ အသုံးပြုမှုနှုန်းနှင့် မည်သည့်အညွှန်းများသည် database ထဲတွင်အမှန်တကယ်ရှိသည်၊ စသည့်အချက်များပါဝင်သည်။ wikipedia နှင့် အခြားသောအင်တာနက်စာမျက်နှာများမှလည်း ရှာဖွေလေ့လာနိုင်သည်။

TIGER ။ ။ ၂၀၀၇ ခုနှစ်က OSM သို့ထည့်သွင်းခဲ့သော အမေရိကန်နိုင်ငံသန်းခေါင်စာရင်းဗျူရိုမှ အချက်အလက်ရင်းမြစ်တစ်ခုဖြစ်သည်။ OSM တွင်ရရှိနိုင်သော အမေရိကန်နိုင်ငံ၏အချက်အလက်များအတွက် အရင်းအမြစ်လည်းဖြစ်သည်။

Tile ။ ။ မြေပုံဒေတာအချက်အလက်အဖြစ်ပြောင်းလဲထားသော (၂၅၆ × ၂၅၆ pixels) ရှိသည့်ရုပ်ပုံငယ်တစ်ခုဖြစ်သည်။

Way ။ ။ အမှတ်(အစက်) များကိုအစဉ်အတိုင်း ဖွဲ့စည်း ထားသည့်လမ်းကြောင်း။ အညွှန်းတစ်ခုအနည်းဆုံးပါဝင်ပြီး ဆက်နွယ်မှုတစ်ခုအတွင်း ပါဝင်ဖော်ပြထားမှုလည်းရှိနိုင်သည်။ အမှတ်(အစက်) ၂ ခုမှ ၂၀၀၀ အထိပါဝင်နိုင်ပြီး လမ်းပြတ်များတွင် အမှတ်(အစက်) တစ်ခု သို့မဟုတ် လုံးဝမပါသည်လည်းရှိနိုင်သည်။ အပိတ်လမ်းကြောင်းနှင့် အဖွင့်လမ်းကြောင်း ဟူ၍နှစ်မျိုးရှိသည်။

  • အပိတ်လမ်းကြောင်း (A closed way) closedwayimage အစမှတ်နှင့်အဆုံးမှတ် တစ်ထပ်တည်းကျနေသောလမ်းကြောင်းကို အပိတ် လမ်းကြောင်း ဟုခေါ်သည်။ အပိတ်လမ်းကြောင်းကို မျဉ်းပိတ် သို့မဟုတ် ဧရိယာ သို့မဟုတ် နှစ်ခုစလုံးအဖြစ်အဓိပ္ပါယ်ကောက်နိုင်သည်။

  • အဖွင့်လမ်းကြောင်း (An open way) openwayimageတွင် အစမှတ်နှင့်အဆုံးမှတ် သီးခြားစီရှိပြီး မျဉ်းဖြောင့်သဘောဆောင်သည်။ လမ်းများ၊ စမ်းချောင်းများနှင့် မီးရထားလမ်းများသည် အဖွင့်လမ်းကြောင်းများဖြစ်ကြသည်။

OSM တွင်မြေပုံပြင်ဆင်တည်းဖြတ်မှုအသုံးအနှုန်းများအတွက်မှတ်ချက်

OSM တွင်မြေပုံရေးဆွဲရာ၌ ပါဝင်သောလက္ခဏာရပ်များကို ရေးသားဖော်ပြရာတွင် ဗြိတိသျှသုံးအင်္ဂလိပ်စာကိုအသုံးပြုထားသည်။ ဥပမာ … အိမ်နီးချင်းကို အင်္ဂလိပ်ဘာသာစာလုံးပေါင်း neighbourhood အဖြစ်ဖော်ပြသည်။

Motorway ။ ။ အဓိကအဝေးပြေးကားလမ်းမများအတွက်သုံးသော ဗြိတိသျှအင်္ဂလိပ်ဝေါဟာရ ဖြစ်သည်။ ‘freeway’အဖြစ်လည်း သတ်မှတ်သုံးနှုန်းနိုင်သည်။

Pitch ။ ။ ကစားကွင်း၊ ဘောလုံး၊ ဘေ့စ်ဘော၊ ဘတ်စကက်ဘောနှင့် တင်းနစ်တို့ကစားသော ကွင်းပြင်ကျယ်တို့ကိုဖော်ပြရာတွင် အသုံးပြုလေ့ရှိပါသည်။