OpenStreetMap သည် ကမ္ဘာပေါ်တွင် အခမဲ့သုံးခွင့်ရှိသော လမ်းများအဆင့်မြေပုံတစ်ခုဖြစ်ပါသည်။အရေအတွက်အမြဲတမ်းတိုးပွားလျက်ရှိသော မြေပုံရေးဆွဲသူများအဖွဲ့အစည်းမှ အမြဲအသစ်များဖန်တီးထည့်သွင်းရေးဆွဲနေပါသည်။

OpenStreetMap အားမည်သူမဆိုဝင်ရောက်ပြင်ဆင်တည်းဖြတ်နိုင်သည်။ သင့်အနေဖြင့် LearnOSM အား မည်ကဲ့သို့လေ့လာသင်ယူရမည်ဆိုသည်ကို နားလည်ရလွယ်ကူစေရန်လည်း လုပ်ဆောင်ပေးထားပါသည်။ စတင်လေ့လာနိုင်ရန်အတွက် တစ်ဆင့်ချင်းစီလမ်းညွှန်မှုများ ပေးထားပြီး OpenStreetMap နှင့် OpenStreetMap ၏အချက်အလက်များကိုအသုံးပြု၍ OpenStreetMap တွင်ပါဝင်ကူညီရေးဆွဲနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် OpenStreetMap workshopတစ်ခုကိုလုပ်ဆောင်ရန်စိတ်ဝင်စားပါက LearnOSM လေ့ကျင့်သင်ကြားပေးသူ အရင်းအမြစ်များတွင် သွားရောက်လေ့လာ စစ်ဆေးနိုင်ပါသည်။