စတုဂံပုံစံအဆောက်အဦးများလိုက်ထပ်ရေးဆွဲခြင်း - iD editor

Created 2016-10-30

အခြေခံလိုအပ်ချက်များ

Rectangular building

ဤဓါတ်ပုံသည် keymon မောက်စ်ပေါ်ရှိ ဘီး သို့မဟုတ် ခလုတ်များအသုံးပြုသွားပုံနှင့် ကီးဘုတ်ပေါ်ရှိမည်သည့်ခလုတ်များနှိပ်သွားသည်ကိုပြသခြင်းဖြစ်သည်။

မှတ်သားရန်အချက်များ -

  • အဆောက်အဦးသည် စတုရန်းပုံထောင့်များရှိသင့်သည်ဆိုလျှင် သင်အနေဖြင့် စတုရန်းပုံထောင့်များလိုက်ထပ်ရေးဆွဲရမည် သို့မဟုတ် စတုရန်းပုံထောင့်များရရှိနိုင်သော tool ကိုအသုံးပြုရမည်ဖြစ်သည်။
  • သင် tag လုပ်ထားသည်ကိုသေချာပါစေ!
  • အရွယ်အစားကိစ္စရပ်များ - လူဦးရေခန့်မှန်းခြင်းများသည် ဧရိယာတစ်ခုအတွင်းရှိ တဖြည်းဖြည်း တိုးပွားလာသောအဆောက်အဦးဧရိယာအပေါ်တွင် မူတည်ပါသည်။
  • အရွယ်အစားမှန်ကန်သောအဆောက်အဦးရှိခြင်းနှင့် အဆောက်အဦးပတ်လည်ရှိ မှန်ကန်သောလမ်းရှိခြင်းသည် လူများအား ၎င်းတို့ရွာ၏တည်နေရာကို သိရှိအောင် ကူညီနိုင်လိမ့်မည်ဖြစ်သည်။
  • အသေးစိတ်များမြင်ရန်အတွက်မြင်ကွင်းချဲ့မှု - မြင်ကွင်းစကေးတစ်ခုသည် များသောအားဖြင့် ၂၀ မီတာ သို့မဟုတ် ထို့ထက်ပိုနည်းလျှင် မှန်ကန်ပါသည်။
  • အဆောက်အဦးများအားရှာဖွေခြင်း - သင့် စကေးဖြင့် နေရာတစ်နေရာကို ၅၀ မီတာနှင့် ၈၀ မီတာကြားတွင် scan လုပ်ပါ။အရိပ်များနှင့် မျဉ်းဖြောင့်များကို သတိထားပါ။ ( လုံးဝန်းသော အဆောက်အဦးများသည် ရှာဖွေရန်ပိုမိုခက်ခဲပါသည်။)
  • အဆောက်အဦးများနှင့်လမ်းများ၊ မြစ်များ၊ မြေအသုံးချမှု= လူနေအိမ်နယ်နမိတ်များ(landuse=residential) သို့မဟုတ် အခြားသောအင်္ဂါရပ်များသည် တစ်ခုနှင့်တစ်ခုထပ်လျက် အနေအထားမရှိသင့်ပါ။
  • အကယ်၍သင့်အနေဖြင့် အမှားတစ်ခုကိုပြုလုပ်မိလျှင် သင်၏နောက်ဆုံးအခွင့်အရေး(များ)အနေဖြင့် ပြန်ပြင်ရန်အတွက် Undo back arrow ခလုတ်ကိုအသုံးပြုပါ။
  • ကျွန်ုပ်တို့အားလုံးသည် မြေပုံကိုတိုးတက်အောင်ပြုလုပ်နေကြပါသည်။ အကယ်၍ အရင်က ရေးဆွဲခဲ့သော မြေပုံဆွဲသူသည် အဆောက်အဦးများအား ရယ်စရာပုံသဏ္ဌာန်တစ်ခု သို့မဟုတ် တစ်နည်းနည်းဖြင့်မှားယွင်းရေးဆွဲထားခဲ့လျှင် အမှန်ပြင်လိုက်ပါ။ပြီးလျှင် ၎င်းတို့ကိုအသိပေးရန်အတွက် ယဉ်ကျေးသောသတင်းစကားတစ်ခုပေးပို့ရန်စဉ်းစားပါ။

ထောင့်တစ်ခုတည်းမြင်ရသော သို့မဟုတ် အပြည့်အဝမမြင်ရဘဲပုံစံပျက်နေသော အဆောက်အဦးများ

building-obscured

ရှုထောင့်တစ်ခုမှရိုက်ယူထားသောဂြိုဟ်တုဓါတ်ပုံအတွက်အဆောက်အဦးများ ပုံသဏ္ဌာန်မမှန်မှုမှာ ကြုံတွေ့နေကျကိစ္စရပ်တစ်ခုဖြစ်သည်။ အထက်ပါပုံရှိ ညာဘက်တွင်ပြထားသောပုံသည် အဆောက်အဦးကိုမည်သို့လိုက်ထပ်ရေးဆွဲသင့်သည်ကိုပြထားခြင်းဖြစ်သည်။ အဆောက်အဦးခေါင်မိုးအနားသတ်မျဉ်းကို လိုက်ထပ်ရေးဆွဲရန်လွယ်ကူပါသည်။ ထို့နောက် ၎င်းကို အဆောက်အဦးနံရံနှင့် မြေကြီးထိနေသောနေရာရှိအမှတ်သို့ဆွဲချလိုက်ပါ။ ၎င်းသည် အဆောက်အဦးအပေါ်တွင် လိုက်ထပ်ရေးဆွဲလေ့ရှိသောနည်းလမ်းပင်ဖြစ်သည်။ သစ်ပင်များကြောင့်တစ်စိတ်တစ်ပိုင်းပုံပျက်နေသော အဆောက်အဦးတစ်ခုကို စတုဂံအဖြစ် မှန်ကန်စွာလိုက်ထပ်ရေးဆွဲထားသည်ကိုလည်းသတိပြုမြင်နိုင်ပါသည်။

ခေါက်ရိုးချိုးထားသောခေါင်မိုးရှိသည့်အဆောက်အဦးများ

အဆောက်အဦးအများစုသည် ၉၀ ဒီဂရီရှိသော ထောင့်များရှိသည့်အဆောက်အဦးများသာမက လုံးဝန်းသောထောင့်များရှိသည့် အဆောက်အဦးများလည်းရှိပါသည်။

building-ridge
အဆောက်အဦးတွင် ၉၀ ဒီဂရီရှိသောထောင့်များရှိသော်လည်း ၎င်း၏ခေါင်မိုးတွင် ခေါက်ရိုးတစ်ခု ပါရှိသည်။ ကင်မရာရှုထောင့်သည်လည်း အစပိုင်းတွင် အဆောက်အဦးကို ထူးဆန်းသောပုံစံတစ်ခုနှင့် တူစေပါသည်။

building-tree-ridge
ဤအဆောက်အဦးတွင် ၎င်းကိုတစ်စိတ်တစ်ပိုင်းပုံပျက်စေသောသစ်ပင်တစ်ပင်ရှိနေပါသည်။ ၎င်းအဆောက်အဦးသည်စတုဂံပုံစံအဆောက်အဦးတစ်ခုဖြစ်သည်။

ကမ္ဘာကြီး၏အချို့သောအစိတ်အပိုင်းများတွင် မြောင်းပါသောသံပြားများကို ခေါင်မိုးမိုးရာတွင် သုံးလေ့ရှိကြပါသည်။ ၎င်းခေါင်မိုးများအသစ်ဖြစ်နေချိန်တွင် ဂြိုဟ်တုဓါတ်ပုံပေါ်၌ အလွန် တောက်ပသောမီးရောင်လက်နေပုံတစ်ခုဖြစ်ပေါ်စေသော နေရောင်အလင်းပြန်မှု ဖြစ်လာလိမ့်မည်ဖြစ်သည်။ အဆောက်အဦးများအတွက် verandah တစ်ခု သို့မဟုတ် L ပုံစံ သည်တွေ့နေကျပုံစံဖြစ်ပြီး သင့်အနေဖြင့်အဆောက်အဦး၏ ပုံသဏ္ဌာန်အတိုင်းသေချာစွာလိုက်ထပ်ရေ:ဆွဲသင့်ပါသည်။
အဆောက်အဦးအနားသတ်လိုင်းကို လိုက်ထပ်ရေးဆွဲသောအခါ သင်သည် အဆောက်အဦး၏ နံရံများနှင့်မြေကြီးထိသောအမှတ်နှင့် အဆောက်အဦး၏အရွယ်အစားအမှန်ကို လိုက်ထပ်ရေးဆွဲရန် ကြိုးစားရမည်။ အကောင်းဆုံးဖြစ်အောင်ကြိုးစားလိုက်ပါ! ကမ္ဘာ၏အစိတ်အပိုင်းအများစုတွင် အဆောက်အဦးများသည် အသုံးပြုရန်အလိုရှိသည့်အချိန် သို့မဟုတ် ရောင်းချပြီးသည့်တိုင်အောင် တစ်စိတ်တစ်ပိုင်းသာတည်ဆောက်ပြီးထားပြီးခေါင်မိုးများမမိုးဘဲချန်ထားကြသည်။ ခေါင်မိုးတစ်ခုမိုးရန်အတွက် အချိန်ကြာမြင့်စွာမလိုအပ်ခြင်းနှင့် ဂြိုဟ်တုဓါတ်ပုံရိုက်ယူချိန်တွင် ခေါင်မိုးမမိုးရသေးပဲ ယခုလောလောဆယ်မှခေါင်မိုးမိုးပြီးကာစဖြစ်နေနိုင်သောကြောင့် ခေါင်မိုးမပါသောအဆောက်အဦးကို သာမန်အဆောက်အဦးကဲ့သို့ရေးဆွဲနိုင်ပါသည်။

တစ်ခါတစ်ရံ သင်ရေးဆွဲမည့်အရာဝတ္တုအစစ်အမှန်ကို အတိအကျမြင်ရန်သင်ကိုယ်တိုင် ထိုနေရာသို့ သွားရခြင်းနှင့် ကျွမ်းကျင်သူများသဘောမတူလျှင်တောင်မှ သင့်အနေဖြင့် အကောင်းဆုံးဖြစ်အောင် ရေးဆွဲလိုက်ပါ။ အကယ်၍ရေးဆွဲရာတွင် သံသယဖြစ်နေလျှင် ၎င်းကိုအဆောက်အဦးအဖြစ်ထည့်သွင်း လိုက်ပါ။

အဆောက်အဦးအတွက် Tags များ

ကျွန်ုပ်တို့အနေဖြင့် မည်သည့်အခါကမျှမရောက်ခဲ့ဖူးသောအဆောက်အဦးများနှင့် အကျွမ်းတဝင်မရှိသော အဆောက်အဦးများကို tag ပြုလုပ်သောအခါ အလုံခြုံဆုံးနှင့် အကြံပြုလိုသော tag ပြုလုပ်သည့် အစီအစဉ်မှာ building=yes ပင်ဖြစ်သည်။ ၎င်းသည် tag ပြုလုပ်ထားသော pane ၏ အောက်ခြေမှ scroll ပြုလုပ်ပြီး tags အားလုံး(All tags) ကို click နှိပ်လိုက်လျှင် သင့်အနေဖြင့် မှန်ကန်စွာ tag ပြုလုပ်ထားသောအဆောက်အဦးကိုမြင်တွေ့နိုင်ပါသည်။

အောက်ပါများကိုလည်းကြည့်ရှုပါ။