လက်ကိုင်ဖုန်း (သို့) GPS (သို့) စာရွက်ဖြင့် မြေပုံဆွဲခြင်း

Reviewed 2015-07-14

အသေးစိပ်၍ မှန်ကန်တိကျသော မြေပုံတစ်ခုဖန်တီးရန် မိမိ ပြုပြင်မွန်းမံနေသော နေရာကိုခြုံငုံလေ့လာ မှုများ ပြုလုပ်ရန်လိုပါသည်။ ဤအခန်းကဏ္ဍတွင်ပါဝင်သောလမ်းညွှန်မှုများသည် ခြုံငုံလေ့လာမှုများ ပြုလုပ်ရာတွင် အသုံးဝင်သောအချက်များဖြစ်ပါသည်။

  • GPS သည် သင်၏ လက်ကိုင်ဖုန်းထက် ပိုမိုအသုံးဝင်ကောင်းအသုံးဝင်ပါလိမ့်မည်။
  • လမ်းညွှန်စာရွက်စာတမ်းများ (သို့) ပုံနှိပ်ထုတ်ထားသည့် သင်ရေးမှတ်၍ရနိုင်သော မြေပုံကို အင်တာနက် ပေါ်တင်ပြီး လမ်းကြောင်းရှာပါ။ (သို့မဟုတ်)
  • ခြုံငုံလေ့လာမှုအတွက် သင်၏လက်ကိုင်ဖုန်းထဲတွင် လမ်းညွှန်ချက်အတိုင်းသွားနိုင်ရန် Apps များ ရရှိနိုင်ပါသည်။ ဥပမာ OSM data နှင့်တခြားသော Apps များ။ အနည်းငယ်သာစာရင်းပြုစုထားသော်လည်း ထိုစာရင်းပြုစုချက်သည် နေ့စဉ်နှင့်အမျှ ကြီးထွားနေပါသည်။ တချို့ Aid Organisations များသည် တိကျသော အချက်အလက်စုဆောင်းနိုင်ရန် ၎င်းတို့၏ကိုယ်ပိုင် Apps များဒီဇိုင်းဆွဲနေကြပါသည်။

ယနေ့ခေတ် လက်ကိုင်ဖုန်း များတွင် ဂြိုလ်တုလမ်းညွှန်စနစ် (satellite navigation systems) မှအချက်ပြမှုတို့ကို လက်ခံနိုင်ရန်နှင့် မိမိတည်နေရာကို ဆုံးဖြတ်ရန် ရေဒီယိုကဒ်ပြား (radio chip) ပါဝင်သည်။ ထိုကဒ်ပြားအများစုသည် U.S. GPS ကြိမ်နှုန်းများမှ အချက်အလက်များကို လက်ခံ ရရှိပါသည်။ အဆင့်မြင့်လက်ကိုင်ဖုန်းများတွင် Russian GLONASS satellite မှကြိမ်နှုန်းများကို တစ်ချိန်ထဲတွင် ဖတ်ရှုနိုင်သော ရေဒီယိုကဒ်ပါဝင်သည်။

လက်ကိုင်စမတ်ဖုန်းများထဲတွင်ပါဝင်သော ရေဒီယိုကဒ်ပြားများ၏ အရည်အသွေးမှာ ကွဲပြားလှပါသည်။ ထို့အတူ အချက်အလက်မှန်ကန်မှုနှင့် လုပ်ဆောင်နိုင်မှုတို့သည်လည်း ခြားနားပါသည်။

GPS ကဒ်ပြားများပါဝင်သော ကိရိယာတို့သည် အင်တာနက်နှင့် ချိတ်ဆက်စရာမလိုပဲ လုပ်ဆောင်နိုင်ပါသည်။ “A-GPS only” (assisted GPS) ဟု အမှတ်အသားရှိသော ကိရိယာများတွင်သာ မှန်ကန်စွာဖော်ပြနိုင်ရန် အင်တာနက် ချိတ်ဆက်မှုလိုအပ်သည်။ ပိုကောင်းမွန်သောလုပ်ဆောင်မှုအတွက် အချက်အလက်တို့ ကြိုတင်သိုဝှက် နိုင်သော GPS ကဒ်ပြားများကို A- GPS တွင်ပါဝင်သော အချက်အလက်တို့က ကူညီနိုင်ပါသည်။

မျှော်လင့်ထားသည်အတိုင်းလုပ်နိုင်ရန် မြေပုံ နှင့်ပတ်သက်သည့် Applications အများစုအတွက် အသုံးပြုသူသည် GPS ကဒ်ပြားပါဝင်သော လက်ကိုင်စမတ်ဖုန်းတို့ကို ရှိထားရပါမည်။ သင်၏ကိရိယာသည် အင်တာနက် ချိတ်ဆက်မှုမပါပဲ အလုပ်လုပ်နိုင်သော ကဒ်ပြားကို သုံးထားသည်ဟုတ်မဟုတ်ကို အတည်ပြုနိုင်ရန်စစ်ဆေးပါ။

လက်ကိုင်စမတ်ဖုန်းများအတွက် မြေပုံနှင့်ပတ်သက်သော Applications များ ဈေးကွက်တွင်ရရှိနိုင်ပါသည်။ Apps တစ်ခုချင်းစီတွင် ကောင်းကျိုးနှင့် ဆိုးကျိုးဒွန်တွဲနေပါသည်။

OpenStreetMap တွင် မြေပုံဆွဲခြင်းအတွက် မြေပုံ Application ကို ရွေးချယ်ရာတွင် အောက်ပါ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။

-လေ့လာရလွယ်ကူပြီး ချက်ချင်းအသုံးပြု၍ရနိုင်မှု။

  • GPX ၏အထောက်အပံ့ရရှိမှု
  • OSM ဖြန့်ဝေမှုတို့ကိုခွင့်ပြုမှု (ပေါင်းထည့်ခြင်း၊ တည်းဖြတ်ခြင်းနှင့် အချက်အလက်တို့ကို အင်တာနက်ပေါ်သို့တင်ခြင်း)
  • OSM အချက်အလက်ကို အင်တာနက်နှင့် မချိတ်ဆက်ဘဲ လုပ်ဆောင်နိုင်မှု
  • မှတ်စုများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများအစရှိသော Multimedia files များကို geo tag လုပ်နိုင်ခြင်း။
    -သွက်လက်မြန်ဆန်သောတိုးတက်မှု။

တွဲဖက်အသုံးပြုနိုင်သော Application မြောက်များစွာကို စမ်းသုံးကြည့်ပါ။ ထိုမှတစ်ဆင့် သင်၏မြေပုံ ရေးဆွဲရာတွင်ချဉ်းကပ်ပုံနှင့် သင်စိတ်ကြိုက်ဖြစ်မှုအပေါ်မူတည်၍ အကောင်းဆုံး application ကိုရွေးချယ်ပါ။

နောက်လာမည့်ဏ္ဍသည် မိမိ၏လက်ကိုင်စမတ်ဖုန်းကို အသုံးပြု၍ OpenStreetMap ကိုဖြန့်ဝေရန်အတွက် တိကျသည့် Application ကို ထည့်သွင်းရန် ရန်လမ်းညွှန်ပါလိမ့်မည်။

မှတ်ရန်။ ။ ထပ်မံဆွေးနွေးမှုမပြုမီ GPS သည် available နှင့် active ဖြစ်ရန် verify လုပ်ပါ။ Android အတွက် Settings > Location နှင့် Enable ကိုရွေးပါ။
GPS သည် အဆောက်အအုံများအတွင်းတွင် အလုပ်မလုပ်သည်ကို သတိပြုပါ။