OpenStreetMap ၏အချက်အလက်များ

OpenStreetMap ဆိုသည်မှာ မြေမျက်နှာသွင်ပြင်ဆိုင်ရာ အချက်အလက်များဖြင့် ကြီးမားသော database တစ်ခုဖြစ်ပါသည်။ ပြီးလျှင် ၎င်းတို့အားလုံး ကို လွတ်လပ်စွာအခမဲ့ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သင့်အနေဖြင့် ဤ အချက်အလက်များကို မည်ကဲ့သို့ရယူနိုင်ပါသလဲ? ယခုအပိုင်းတွင် ကျွန်ုပ်တို့အနေဖြင့် သင်စိတ်ဝင်စားသော OSM အချက်အလက်များကို မည်ကဲ့သို့ ရယူသုံးစွဲနိုင်မည်ဆိုသည်နှင့် OSM အချက်အလက်ကို မည်ကဲ့သို့ စုစည်းမည်ဆိုသည်တို့ကို ပိုမို၍ အသေးစိတ် ဆွေးနွေးသွား လိမ့်မည်ဖြစ်ပါသည်။