Tasking Manager တစ်ခုနှင့်စတင်ခြင်း - iD editor

ဤလမ်းညွှန်ချက်သည် HOT Tasking Managerအတွက်ရေးသားထားသော်လည်း အခြေခံမူများမှာ versions အားလုံးအတွက် အတူတူပင်ဖြစ်သည်။

အခြေခံလိုအပ်ချက်များ

TM Start

ဤဓါတ်ပုံသည် keymon မောက်စ်ပေါ်ရှိ ဘီး သို့မဟုတ် ခလုတ်များအသုံးပြုသွားပုံနှင့် ကီးဘုတ်ပေါ်ရှိမည်သည့်ခလုတ်များနှိပ်သွားသည်ကိုပြသခြင်းဖြစ်သည်။

  1. Tasking Manager (TM) site သို့သွားပါ။ ဥပမာ − http://tasks.hotosm.org/ ။ ခွင့်ပြုထားသော Tasking Manager မှသင်၏ OpenStreetMap account ကိုဝင်ရောက်ရန်အတွက် သင်၏ http://www.openstreetmap.org login ကိုအသုံးပြုပါ။
  2. မြေပုံရေးဆွဲသူအသစ်များအနေဖြင့် ဒီဇိုင်းဆွဲထားပြီးသော ပရောဂျက်တစ်ခုပေါ်တွင်စတင်လိုက်ပါ။ ၎င်းပရောဂျက်များသည် အမြဲဆိုသလို ‘အဆောက်အဦးများအတွက်သာ(buildings only)’ ရေးဆွဲသည့်ပရောဂျက်များဖြစ်ကြသည်။
  3. ဖော်ပြချက်(Description) နှင့် ညွှန်ကြားချက်များ(Instructions) ကိုဖတ်ပါ။ ပြီးလျှင်သင့်အနေဖြင့် မည်သည့်အရာအား နားလည်ရန်လိုအပ်သည်ဆိုသည်ကို ပရောဂျက်မစတင်မီသေချာနားလည်အောင်ပြုလုပ်ပါ။
  4. မြေပုံရေးဆွဲခြင်းအား ‘validators’ ဖြင့်စစ်ဆေးနိုင်ပြီး ၎င်းသည် မြေပုံအပေါ်မှ သင်၏ရေးဆွဲပံ့ပိုးမှုများအပေါ်တွင် တန်ဖိုးရှိသောတုန့်ပြန်မှုများပေးသည့် သတင်းအချက်အလက်များကို မကြာခဏဆိုသလိုပေးပို့ပေးမည်ဖြစ်သည်။
    TM-start-at-top
    အကြံပေးချက် - များစွာသော validators များသည် မြေပုံ၏အပေါ်နှင့်အောက်များတွင် စတင်အလုပ်လုပ်ကြပါသည်။ သင်အနေဖြင့် မြေပုံ၏ထိပ်ပိုင်းနှင့်နီးနိုင်သမျှနီးသော မြေပုံနှင့်စတုရန်းပုံတစ်ခုကို ရွေးချယ်ထားပြီဆိုလျှင် အစောပိုင်းအဆင့်တွင်တန်ဖိုးရှိသောတုံ့ပြန်ချက်ရနိုင်ခြေရှိရန်ပိုများပါသည်။ (အဝါရောင်စတုရန်းပုံများသည် ပြီးပြည့်စုံသည့်အမှတ်အသားဖြစ်ပြီး အစိမ်းရောင်စတုရန်းပုံများသည် validated ပြုလုပ်ပြီးခြင်းနှင့် ပြီးပြည့်စုံခြင်းအမှတ်အသားဖြစ်သည်။) အဖြူရောင် သို့မဟုတ် မီးခိုးဖျော့ရောင်စတုရန်းပုံတစ်ခုပေါ်သို့ ကလစ်နှိပ်ကြည့်ပါ။ Tasking Manager လမ်းညွှန်မှုတွင် အချက်အလက်များကိုပိုပြီးကြည့်ရှုနိုင်ပါသည်။
  5. မြေပုံရေးဆွဲမှုစတင်ခြင်း - သင့်အနေဖြင့်မြေပုံရေးဆွဲမှုစတင်နိုင်ရန်အတွက် HOT အကြောင်းသိကောင်းစရာများအခန်းမှ အပိုင်းများကိုပိုမိုဖတ်ရှုထားရန်လိုအပ်နိုင်ပါသည်။ HOT အကြောင်းသိကောင်းစရာများ၏အပိုင်းများမှ လုံးဝန်းသောအဆောက်အဦးများ သို့မဟုတ် စတုရန်းပုံထောင့်များပါရှိသော အဆောက်အဦးများရေးဆွဲခြင်းအပိုင်းကိုဖတ်ရှုပါကသင့်အတွက်မြေပုံရေးဆွဲရာတွင်အထောက်အကူဖြစ်နိုင်ပါသည်။
  6. ပုံမှန်သိမ်းဆည်းမှု(Save)ပြုလုပ်ခြင်း - ဤနေရာတွင်ကြည့်ပါ။ HOT tips - saving
  7. စိတ်ရှည်သည်းခံပါ - တခါတရံတွင် validators များပေးပို့ခြင်းပြတ်တောက်မှုရှိပြီး မြေပုံရေးဆွဲသူ အသစ်အများစုအနေဖြင့်လည်း ပြန်လည်တုံ့ပြန်မှုအားလုံးလိုချင်ပါသည်။ မြေပုံရေးဆွဲမှုကို ဆက်လက် လုပ်ဆောင်ပါ။သို့သော် သင့်အနေဖြင့် မြေပုံဆွဲရာတွင် အမှားတစ်ခု လုပ်မိသွားပြီဟုထင်မြင်သွားပါက(အမှားကတော့ကျွ န်ုပ်တို့အားလုံးလုပ်မိပါသည်!) ပြန်လည်ပြင်ဆင်နိုင်သည် သို့မဟုတ် အကူအညီရရန်အတွက် မေးမြန်းနိုင်သည်ဆိုသည်ကို သင်နားလည်ပါ။
  8. သင်အလုပ်လုပ်နေသော စတုရန်းပုံအတိအကျကိုမည်သို့သတ်မှတ်ရမလဲဆိုသည်ကို သတင်းအချက်အလက်တစ်ခုပို့ပေးစေရန် သို့မဟုတ် တိုက်ရိုက်တုံ့ပြန်မှုရရှိစေရန်အတွက် သင့်အနေဖြင့်သိရှိရန်လိုအပ်ပါက LearnOSM ၏ Tasking Manager အပိုင်းကို ဖတ်ရှုပါ။

အောက်ပါများကိုလည်းကြည့်ရှုပါ။

OSM-TM-video
အချို့သောဘာသာစကားများဖြင့် စာတန်းထိုးထားသောဗီဒီယိုများရရှိနိုင်ပါသည်။