စတင်အသုံးပြုသူအတွက် လမ်းညွှန်

ဤလမ်းညွှန်ချက်သည် OpenStreetMap အား မည်သို့မည်ပုံအသုံးပြုရမည်ဆိုသည်ကို တစ်ဆင့်ချင်းစီ ပြသသွားမည်ဖြစ်ပါသည်။ သင့်အနေဖြင့် account တစ်ခုကိုမည်သို့ပြုလုပ်ရမည်၊ မြေပုံအား editing ပြုလုပ်သောဆော့လ်ဖ်ဝဲလ်ကို မည်သို့ အသုံးပြုရမည် ဆိုသည်တို့ကိုသင်ကြားရလိမ့်မည်ဖြစ်သည်။ ထို့နောက် မြေပုံထဲသို့ထည့်ရန်အတွက် အပြင်သို့ ထွက်၍ သတင်းအချက်အလက်များမည်သို့ စုဆောင်းရမည်ဆိုသည်ကို သင့်အနေဖြင့် နောက်အခန်းများတွင် သင်ကြားနိုင်ပါသည်။ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း (coordination) အခန်းများတွင် HOT Remote Mapping ၏ အကြောင်းအရာအချက်အလက်များ ပါဝင်ပါသည်။