လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြေပုံရေးဆွဲခြင်း

HotGuideLogo

Reviewed 2015-09-18

ဒေသခံပြည်သူလူထုကိုကူညီရန် စေတနာဖြင့်ကူညီပေးကြသူများ နှင့် ဤပဋိပက္ခနှင့်စပ်လျဉ်း၍ နောက်ဆုံးမြေပုံအချက်အလက်များ ပံ့ပိုးပေးကြသည့် အကူအညီပေးရေးအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါသည်။

သင်တို့ကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း မြန်နိုင်သမျှမြန်ဆန်စွာ အကူအညီပေးလိုကာ ကျွန်ုပ်တို့ဆောင်ရွက်မှု၌ အမှန်တကယ်ပင် မဆိုင်းမတွဆောင်ရွက်ရမည့်အခြေအနေတစ်ရပ်ရှိပါသည်။ သို့ရာတွင် မြေပုံအချက်အလက်များအတွက် အကူအညီပေးရေးအဖွဲ့အစည်းများက ကျွန်ုပ်တို့အပေါ်မှီခိုကြသည့်အကြောင်းရင်းမှာ ကျွန်ုပ်တို့သည် မိမိတို့ထုတ်လုပ်သည့်မြေပုံများကို အသေအချာအသုံးဝင်စေရန်နှင့် ၎င်းတို့၏လိုအပ်ချက်များကိုပြည့်မီစေရန် အချိန်ယူဆောင်ရွက်သောကြောင့်ဖြစ်သည်။ သင်တို့သည်လည်း အလေးထား ဆောင်ရွက်ကြစေလိုပါသည်။ မြေပုံကို စတင်ပြင်ဆင်မွမ်းမံရန် သင့်အတွက် လေးကန်စေမည်ဖြစ်သော်လည်း သင်စတင်ခြင်းမပြုမီ မည်သည်တို့ကို မည်သို့မည်ပုံမြေပုံထုတ်ရမည်ဆိုခြင်းကို သင် အပြည့်အဝနားလည်ရန် လိုအပ်ပါသည်။ လက်လှမ်းမီသမျှ သင်ကြားရေးအရင်းအမြစ်များကို ကြည့်ရှုခြင်း သို့မဟုတ် ဖတ်ရှုလေ့လာခြင်းမပြုပဲ အလျင်စလိုမြေပုံရေးဆွဲခြင်းမပြုပါရန် ပန်ကြားအပ်ပါသည်။ ကျွန်ုပ်တို့အတွက် မြေပုံရေးဆွဲရာတွင်အမှားများကိုရှင်းလင်းရခြင်းမှာ မြေပုံအသစ်ဖန်တီးရခြင်းထက်ပင် အချိန်ပိုမိုကြာမြင့်ကာ၊ care worker တစ်ဦးအား ကျွန်ုပ်တို့ထုတ်လုပ်သည့်မြေပုံ၏ အသုံးဝင်မှုနှင့်စပ်လျဉ်း၍ သံသယဖြစ်စေနိုင်ပါသည်။

ကျွန်ုပ်တို့သည် မိမိတို့၏ဆော့ဖ်ဝဲများနှင့် သင်တန်းလမ်းညွှန်များကို အမြဲတစေ အချိန်နှင့်တစ်ပြေးညီပြင်ဆင်မွမ်းမံလျက်ရှိသော်လည်း ယင်းသို့လုပ်ဆောင်ရခြင်းမှာ အချိန်ယူလှပါသည်။ Tasking Manager ထဲရှိ ဆော့ဖ်ဝဲကို မကြာမီပြင်ဆင်မွမ်းမံပါမည်။ သို့မှသာ အတွေ့အကြုံရှိသောလူများကသာ မြေပုံရေးဆွဲခြင်းလုပ်ငန်းကို ကြည့်ရှုသုံးသပ်ကာ “validated” ဟူ၍ မှန်ကန်ကြောင်းအတည်ပြု မှတ်သားပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် လတ်တလောအချိန်၌ အတွေ့အကြုံရှိသော မြေပုံရေးဆွဲသူအများစုအတွက် “validation” လုပ်ငန်းစဉ်ကို ချန်လှပ်ထားရန် ကျွန်ုပ်တို့က ပန်ကြားအပ်ပါသည်။ မြေပုံရေးဆွဲသူများအား ဆက်လက်၍မြေပုံရေးဆွဲကြပါရန်နှင့် အနာဂတ်တွင် မိမိတို့၏မြေပုံ၏ရေးဆွဲခြင်းဆိုင်ရာ မှန်ကန်ကြောင်း အတည်ပြုပေးသူများဖြစ်လာကြမည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။ အကယ်၍ သင်သည်စတုရန်းကွက်တစ်ခုကိုရွေးချယ်ပြီး အစိမ်းရောင်ခလုပ်က ‘Review the work’ ဟူ၍ပြောဆိုပါက ကျေးဇူး ပြု၍ နောက်ထပ်စတုရန်းကွက် တစ်ခုကို နှိပ်လိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ကြည့်ရှုသုံးသပ်ခြင်းမှာ အတွေ့အကြုံရှိသည့် မြေပုံရေးဆွဲသူတစ်ဦးက ပြီးစီးအောင်ဆောင်ရွက်ရမည့်ကိစ္စ တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။

သင်သည် စတင်ခြင်းမပြုမီ ဤဆိုဒ်တစ်ခုလုံးကို ဖတ်ရှုရန်မလိုအပ်သော်လည်း အခြေခံများကိုနားလည်ရန်လိုအပ်ပါသည်။

၁။ မြေပုံရေးဆွဲရာတွင် သင်အကူအညီပေးလိုသည့် မည်သည့်စီမံ ကိန်းတစ်ခုအတွက်မဆို Task Manager လမ်းညွှန်းချက်များကို သင်သည် ဂရုတစိုက်ဖတ်ရှုရန်လိုအပ်ပါသည်။ ယင်းတို့သည် အမျိုးမျိုးကွဲပြားခြားနားကြသဖြင့် သင်သည်သေချာဖတ်ရှုနားလည် ရမည်ဖြစ်သည်။ Task Manager အသုံးပြုပုံနှင့်စပ်လျဉ်းသော အသေးစိတ်ဖော်ပြချက်အားလုံး Tasking Manager here within LearnOSM တွင်ရှိပြီး ယင်း၌ အတွေ့အကြုံရှိသော မြေပုံရေးဆွဲသူတစ်ဦးထံမှ အကူအညီများကို မည်သို့တိုက်ရိုက်ရယူရမည်ဆိုခြင်းလည်း ပါဝင်သည်။

၂။ သင်သည် သက်ဆိုင်ရာဒေသပုံရိပ်ကို လုံလောက်စွာအနီးကပ်ဆွဲ ယူကြည့်ရှုထားပြီးဖြစ်ရမည်။ သို့မှသာ သင်ရှာဖွေတွေ့ရှိသင့်သည့် အရာများကို သေချာစွာမြင်တွေ့နိုင်မည်ဖြစ်သည်။ ယင်းနှင့်အခြား သောအရာများကို ဤနေရာတွင်ရှင်းပြထားပါသည်။

၃။ အဆောက်အအုံများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်ပြီး ရှာဖွေတွေ့ရှိထားသည့် အရာ၏ပုံသဏ္ဍာန်နှင့် အဆောက်အအုံ၏ ပုံသဏ္ဍာန်တို့ လိုက်ဖက်သင့်ပါသည်။ LearnOSM ၏ ဤအပိုင်းသည် ဤကိစ္စအပါအဝင် လမ်းများနှင့် လမ်းကွန်ရက်တစ်ခုကို မည်သို့မည်ပုံဖန်တီးရမည်ဆိုခြင်းကို ရှင်းလင်းပြဆိုပါသည်။

ဤစာကိုဖတ်သည့်အတွက် ကျေးဇူးတင်ရှိပြီး သင်သည်အရေးကြီး သောအရာများကို မှန်ကန်စွာအသေအချာဆောင်ရွက်ရန်လိုအပ်သော အချိန်အနည်းငယ်ကိုအသုံးချလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါ သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရနိုင်သောအကူအညီအားလုံးကို လိုအပ်သဖြင့် ဤကိစ္စနှင့်ပတ်သက်၍ သင်သည်ကျွန်ုပ်တို့အားကူညီ နိုင်မည်ဟု မျှော်လင့်ပါသည်။

ဤအဖြစ်အပျက်သည် မကြာသေးမီကဖြစ်ပျက်ခဲ့သည့်ကိစ္စဖြစ် သည့်တိုင် ပြဿနာများသည် ကာလကြာမြင့်စွာဆက်လက်ဖြစ်ပျက် လိမ့်မည်ဆိုသည်ကို အမှတ်ရပါ။ လူများသည် အိမ်ရာများမရှိကြ တော့ပဲ ပိုမိုဆိုးရွားသည့်ရာသီဥတုတွင် ယာယီတဲများတွင် နေထိုင် လျက်ရှိကြသည်။ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးသည် ခက်ခဲ လာမည်ဖြစ်ကာ ရောဂါများလည်းဖြစ်နိုင်ပြီး အစာနှင့်ရေတို့နှင့်ပတ် သက်သည့် အခြားပြဿနာများလည်းရှိလာနိုင်ပါသည်။ သင်သည် သတင်းများတွင်ဖော်ပြထားသည့် ပြဿနာများကို မြင်တွေ့ချင်မှမြင် တွေ့နိုင်မည်ဖြစ်သော်လည်း ထိုပြဿနာများကတော့မူ တည်ရှိနေ မည်ဖြစ်ကာ အကူအညီပေးရေးလုပ်သားများသည် ထိုလက်ရှိအ ခြေအနေကိုထင်ဟပ်သည့် မြေပုံများကို လိုအပ်မည်ဖြစ်သည်။ ကျေးဇူးပြု၍ ယခုပင် ကျွန်ုပ်တို့ကို ကူညီပါ။ သို့ရာတွင် အနာဂတ် တွင်လည်း ပြန်လာ၍ကျွန်ုပ်တို့ကိုကူညီရန်လည်း သတိရပါ။