|
လုံးဝန်းသောပုံစံရှိသည့်အဆောက်အဦးများလိုက်ထပ်ရေးဆွဲခြင်း - iD editorအခြေခံလိုအပ်ချက်များ
မှတ်သားရန်အချက်များ -
အမျိုးအစားခွဲခြားသတ်မှတ်ခြင်းလုံးဝန်းသောအဆောက်အဦးများကို ခြံဝင်းတစ်ခုအတွင်းတွင်တွေ့ရလေ့ရှိပြီး ၎င်းအဆောက်အဦးများ သည် တစ်စုတစ်ဝေးတည်း သို့မဟုတ် တစ်ခုချင်းစီသီးခြားရှိနိုင်ပါသည်။ ကျောက်တုံးကျောက်ဆောင် သို့မဟုတ် ခြုံပုတ်တစ်ခု သို့မဟုတ် လုံးဝန်းသောအဆောက်အဦးတစ်ခု ကိုကြည့်ရှုပြီးလျှင် သင့်အနေ ဖြင့်ခွဲခြားဖော်ပြရန်ခက်ခဲနိုင်ပါသည်။ အဆောက်အဦးများကို သွားလာရခက်ခဲကြမ်းတမ်းသော မြေနေရာ များတွင်တွေ့မြင့်နိုင်ရန်ခက်ခဲနိုင်သော်လည်း လမ်း သို့မဟုတ် လူသွားလမ်းကဲ့သို့ သွားလာရလွယ်ကူသော နေရာအချို့၏အနီးတွင်အမြဲလိုလိုတွေ့ရလေ့ရှိပါသည်။ လူများသွားလာသည့် လမ်းပေါက်များကြောင့်လည်း သစ်ပင်သစ်ရွက်များ ပွန်းပဲ့ကျိုးကျေ နေခြင်း ဖြစ်နိုင်ပါသည်။ ကမ္ဘာကြီး၏အချို့သောနေရာများတွင် အဆောက်အဦးများသည် ခြောက်သွေ့သော ကုန်းမြေပေါ်တွင်သာ ရှိနေပြီး တစ်နေရာနှင့်တစ်နေရာသွားလာရာတွင် မြစ် သို့မဟုတ် ရေကန်အတွင်း လှေဖြင့် သွားလာကြသည်။ မည်သည့်နေရာဒေသတွင်မဆို ရေအရင်းအမြစ်တစ်ခုသည် ၂ သို့မဟုတ် ၃ ကီလိုမီတာအတွင်း ပုံမှန်အားဖြင့်ရှိသော်လည်း ကမ္ဘာကြီး၏နေရာများစွာတွင် သင့်အနေဖြင့် ရေကိုမြင်တွေ့ရလိမ့်မည်မဟုတ်ပါ။ သို့သော် ရေအရင်းအမြစ်ရှိမှုကို ညွှန်ပြနေသောသစ်ပင်သစ်တောများ ကိုမူ သင်မြင်ရမည်ဖြစ်သည်။ ကမ္ဘာကြီး၏နေရာများစွာတွင် ရွာအဟောင်းနေရာမှအနည်းငယ်ကွာဝေးသောနေရာတွင် ရွာအသစ်တစ်ခုတည်ဆောက်ရန်မှာပိုမိုလွယ်ကူပါသည်။ ၎င်းရွာဟောင်းနေရာတွင် အဆောက်အဦးအဟောင်းများကို ပျက်စီးပြီး ပြိုကျသည်အထိထားခဲ့ကြပါသည်။ တခါတရံတွင် ၎င်းတို့သည်မီးလောင်ခံထားရပါသည်။ သင် ကြည့်နေသော အရာဝတ္တုသည် မည်သည့်အရာဝတ္တု ဖြစ်သည်ကိုဆုံးဖြတ်ရာတွင်အကူအညီရရန်အရာဝတ္တု၏အရိပ်များကို ရှာဖွေပါ။ အရိပ်မရှိပဲ မြေပြင်ပေါ်တွင် လုံးဝန်းသောအမှတ်တစ်ခုသာ ကျန် ရှိနေသည့် အရာဝတ္တုများအားလုံး ရှိပါလိမ့်မည်။အကယ်၍ရေးဆွဲရာတွင် သံသယဖြစ်နေလျှင် ၎င်းကို အဆောက်အဦးအဖြစ် ထည့်သွင်းလိုက်ပါ။
တစ်ခါတစ်ရံ သင်ရေးဆွဲမည့်အရာဝတ္တုအစစ်အမှန်ကို အတိအကျမြင်ရန်သင်ကိုယ်တိုင် ထိုနေရာသို့ သွားရခြင်းနှင့် ကျွမ်းကျင်သူများသဘောမတူလျှင်တောင်မှ သင့်အနေဖြင့် အကောင်းဆုံးဖြစ်အောင် ရေးဆွဲလိုက်ပါ။ အကယ်၍ရေးဆွဲရာတွင် သံသယဖြစ်နေလျှင် ၎င်းကိုအဆောက်အဦးအဖြစ်ထည့်သွင်း လိုက်ပါ။ အဆောက်အဦးအတွက် Tags များကျွန်ုပ်တို့အနေဖြင့် မည်သည့်အခါကမျှမရောက်ခဲ့ဖူးသောအဆောက်အဦးများနှင့် အကျွမ်းတဝင်မရှိသော အဆောက်အဦးများကို tag ပြုလုပ်သောအခါ အလုံခြုံဆုံးနှင့် အကြံပြုလိုသော tag ပြုလုပ်သည့် အစီအစဉ်မှာ building=yes ပင်ဖြစ်သည်။ ၎င်းသည် tag ပြုလုပ်ထားသော pane ၏ အောက်ခြေမှ scroll ပြုလုပ်ပြီး tags အားလုံး(All tags) ကို click နှိပ်လိုက်လျှင် သင့်အနေဖြင့် မှန်ကန်စွာ tag ပြုလုပ်ထားသောအဆောက်အဦးကိုမြင်တွေ့နိုင်ပါသည်။ အောက်ပါများကိုလည်းကြည့်ရှုပါ။
ဤအခန်းသည် သင့်အတွက်အထောက်အကူပြုပါသလား။
ကျွန်ုပ်တို့၏လမ်းညွှန်မှုများကိုတိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့အားအသိပေးခြင်းဖြင့်ကူညီပါ။
|