- Other guides
- စတင်အသုံးပြုသူအတွက် လမ်းညွှန်
- JOSM - အသေးစိတ် ပြင်ဆင်တည်းဖြတ်ခြင်း
- အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
- လက်ကိုင်ဖုန်း (သို့) GPS (သို့) စာရွက်ဖြင့် မြေပုံဆွဲခြင်း
- Garmin GPS တစ်ခုနှင့် ခြုံငုံလေ့လာကြည့်ခြင်း
- Field Papers
- OsmAnd 2.0+
- OSMTracker
- Android အတွက် GPSLogger
- GPS Essentials
- OSM ၏အချက်အလက်များ
- HOT အကြောင်းသိကောင်းစရာများ − မြေပုံရေးဆွဲသူအသစ်များအတွက် iD editor အသုံးပြုမှုစတင်ခြင်း
|
လက်ကိုင်ဖုန်း (သို့) GPS (သို့) စာရွက်ဖြင့် မြေပုံဆွဲခြင်း
အသေးစိပ်၍ မှန်ကန်တိကျသော မြေပုံတစ်ခုဖန်တီးရန် မိမိ ပြုပြင်မွန်းမံနေသော နေရာကိုခြုံငုံလေ့လာ မှုများ ပြုလုပ်ရန်လိုပါသည်။ ဤအခန်းကဏ္ဍတွင်ပါဝင်သောလမ်းညွှန်မှုများသည် ခြုံငုံလေ့လာမှုများ ပြုလုပ်ရာတွင် အသုံးဝင်သောအချက်များဖြစ်ပါသည်။
ယနေ့ခေတ် လက်ကိုင်ဖုန်း များတွင် ဂြိုလ်တုလမ်းညွှန်စနစ် (satellite navigation systems) မှအချက်ပြမှုတို့ကို လက်ခံနိုင်ရန်နှင့် မိမိတည်နေရာကို ဆုံးဖြတ်ရန် ရေဒီယိုကဒ်ပြား (radio chip) ပါဝင်သည်။ ထိုကဒ်ပြားအများစုသည် U.S. GPS ကြိမ်နှုန်းများမှ အချက်အလက်များကို လက်ခံ ရရှိပါသည်။ အဆင့်မြင့်လက်ကိုင်ဖုန်းများတွင် Russian GLONASS satellite မှကြိမ်နှုန်းများကို တစ်ချိန်ထဲတွင် ဖတ်ရှုနိုင်သော ရေဒီယိုကဒ်ပါဝင်သည်။ လက်ကိုင်စမတ်ဖုန်းများထဲတွင်ပါဝင်သော ရေဒီယိုကဒ်ပြားများ၏ အရည်အသွေးမှာ ကွဲပြားလှပါသည်။ ထို့အတူ အချက်အလက်မှန်ကန်မှုနှင့် လုပ်ဆောင်နိုင်မှုတို့သည်လည်း ခြားနားပါသည်။ GPS ကဒ်ပြားများပါဝင်သော ကိရိယာတို့သည် အင်တာနက်နှင့် ချိတ်ဆက်စရာမလိုပဲ လုပ်ဆောင်နိုင်ပါသည်။ “A-GPS only” (assisted GPS) ဟု အမှတ်အသားရှိသော ကိရိယာများတွင်သာ မှန်ကန်စွာဖော်ပြနိုင်ရန် အင်တာနက် ချိတ်ဆက်မှုလိုအပ်သည်။ ပိုကောင်းမွန်သောလုပ်ဆောင်မှုအတွက် အချက်အလက်တို့ ကြိုတင်သိုဝှက် နိုင်သော GPS ကဒ်ပြားများကို A- GPS တွင်ပါဝင်သော အချက်အလက်တို့က ကူညီနိုင်ပါသည်။ မျှော်လင့်ထားသည်အတိုင်းလုပ်နိုင်ရန် မြေပုံ နှင့်ပတ်သက်သည့် Applications အများစုအတွက် အသုံးပြုသူသည် GPS ကဒ်ပြားပါဝင်သော လက်ကိုင်စမတ်ဖုန်းတို့ကို ရှိထားရပါမည်။ သင်၏ကိရိယာသည် အင်တာနက် ချိတ်ဆက်မှုမပါပဲ အလုပ်လုပ်နိုင်သော ကဒ်ပြားကို သုံးထားသည်ဟုတ်မဟုတ်ကို အတည်ပြုနိုင်ရန်စစ်ဆေးပါ။ လက်ကိုင်စမတ်ဖုန်းများအတွက် မြေပုံနှင့်ပတ်သက်သော Applications များ ဈေးကွက်တွင်ရရှိနိုင်ပါသည်။ Apps တစ်ခုချင်းစီတွင် ကောင်းကျိုးနှင့် ဆိုးကျိုးဒွန်တွဲနေပါသည်။ OpenStreetMap တွင် မြေပုံဆွဲခြင်းအတွက် မြေပုံ Application ကို ရွေးချယ်ရာတွင် အောက်ပါ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ -လေ့လာရလွယ်ကူပြီး ချက်ချင်းအသုံးပြု၍ရနိုင်မှု။
တွဲဖက်အသုံးပြုနိုင်သော Application မြောက်များစွာကို စမ်းသုံးကြည့်ပါ။ ထိုမှတစ်ဆင့် သင်၏မြေပုံ ရေးဆွဲရာတွင်ချဉ်းကပ်ပုံနှင့် သင်စိတ်ကြိုက်ဖြစ်မှုအပေါ်မူတည်၍ အကောင်းဆုံး application ကိုရွေးချယ်ပါ။ နောက်လာမည့်ဏ္ဍသည် မိမိ၏လက်ကိုင်စမတ်ဖုန်းကို အသုံးပြု၍ OpenStreetMap ကိုဖြန့်ဝေရန်အတွက် တိကျသည့် Application ကို ထည့်သွင်းရန် ရန်လမ်းညွှန်ပါလိမ့်မည်။
|