JOSM ဆော့လ်ဖ်ဝဲလ်၏ ပြင်ဆင်တည်းဖြတ်မှုဆိုင်ရာ ကိရိယာများ

Reviewed 2015-07-14

JOSM ဆော့လ်ဖ်ဝဲလ်ကိုအသုံးပြုလျက် မြေပုံရေးဆွဲခြင်းအခြေခံများကို JOSMကိုစတင်အသုံးပြုခြင်းလမ်းညွှန် တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ရှင်းလင်းဖော်ပြမထားသည့် များစွာသောကိရိယာများနှင့် နည်းစနစ်များစွာ ကျန်ရှိနေပါသေးသည်။

JOSM ဆော့လ်ဖ်ဝဲလ်တွင်မြေပုံရေးဆွဲရာ၌ အခြေခံကျသောကိရိယာများနှင့် နည်းစနစ်များကို ဆက်လက်လေ့လာမည်ဖြစ်ပြီး နောက်ပိုင်းအခန်းများတွင် အဆင့်မြင့် မြေပုံဆွဲကိရိယာများကို လေ့လာရလိမ့်မည်ဖြစ်သည်။

နမူနာဖိုင်ကိုရယူခြင်း

  • ဆက်လက်လေ့လာနိုင်ရန်နှင့် JOSM ကိရိယာများကိုအသုံးပြု၍ လေ့ကျင့်နိုင်ရန်အတွက် အောက်ပါနမူနာဖိုင်ကို အင်တာနက်မှတဆင့် download ပြုလုပ်၍ရယူပါ။ tools_menu_sample.osm.
  • JOSM ဆော့ဖ်ဝဲလ်ကိုစတင်ပြီး သင်ရယူထားသော နမူနာဖိုင်ကိုဖွင့်ပါက အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။

tools_menu_sample.osm

ပုံဆွဲကိရိယာများ

Menu ဘားတန်းရှိ “Tools” ကိုနှိပ်ပါ။ မျဉ်းများ၊ ပုံသဏ္ဍာန်များရေးဆွဲခြင်းနှင့် မြေပုံပေါ်ရှိ အရာဝတ္ထုများ ပြင်ဆင်တည်းဖြတ်ခြင်းတို့အတွက် အထောက်အကူပေးသော လုပ်ဆောင်ချက်များစွာကို မြင်တွေ့ရမည်ဖြစ်သည်။

မျဉ်းကြောင်းနှင့်ပုံသဏ္ဍာန်များ ရေးဆွဲရာတွင် လွယ်ကူစေရန်အတွက် ထပ်ဆောင်းဖြည့်စွက်ထားသော ကိရိယာများလည်း JOSM ဆော့ဖ်ဝဲလ်တွင် ပါဝင်သည်။ ယင်းတို့ကို Menu ဘားတန်းရှိ “Tools” နေရာတွင်နှိပ်၍ ရှာဖွေတွေ့နိုင်သည်။

Tools menu

ဤ menu ရှိ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်အတွက် မြေပုံမျက်နှာပြင်ရှိ မိမိအသုံးပြုမည့် မျဉ်းကြောင်း၊ အမှတ်နှင့် ပုံသဏ္ဍာန်တို့ကို ဦးစွာရွေးချယ်ရမည်။ menu တွင်ရှိသောကိရိယာအမျိုးမျိုးအတွက် နမူနာဖိုင်တွင် အညွှန်းအမည်တပ်ကာ ပုံသဏ္ဍာန်အမျိုးမျိုး ခွဲခြားပြသထားသည်။

  • နမူနာဖိုင်တွင် ပါရှိသောအရာများထဲမှ တစ်ခုကိုရွေးချယ်ပါ။ ထို့နောက် tools menu သို့သွားပြီး သင်ရွေးချယ်ထားသောအရာ၏အနားတွင်ဖော်ပြပေးထားသော လုပ်ဆောင်ချက်ကိုရွေးနှိပ်ပါ။
  • ဥပမာ။ အောက်ပုံတွင်ပြထားသည့်အတိုင်း စက်ဝိုင်းသဏ္ဍန် မညီမညာပုံတစ်ခုကိုရွေးပါ။

Align nodes in circle

  • ထို့နောက် Tools menu ကိုသွားပြီး Align Nodes in Circle ကိုရွေးချယ်ပါ။ (Tools->Align Nodes in Circle)
  • မညီမညာဖြစ်နေသော စက်ဝိုင်းပုံသည် ပို၍ဝိုင်းစက်လာသည်ကိုမြင်ရပါလိမ့်မည်။

နမူနာဖိုင်ကိုအသုံးချလျှက် ကိရိယာအချို့၏လုပ်ဆောင်ချက်များကိုလေ့လာကြည့်နိုင်သည်။ အချို့ကိရိယာများအတွက် အညွှန်းဖွင့်ဆိုချက်များကို အောက်ပါအတိုင်းတွေ့နိုင်သည်။

၁။ ခွဲထွက်လမ်းကြောင်း (Split Way) ။ ။ မျဉ်းတစ်ကြောင်းမှနှစ်ပိုင်းခွဲထုတ်ရန်သုံးသည်။ လမ်းကြောင်းတစ်ခုပေါ်သို့ အခြားမတူညီသော အရာတစ်ခုအား ပေါင်းစပ်ရာတွင်အသုံးဝင်သည်။ ဥပမာ … တံတားကဲ့သို့အရာများ။ ယခုလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် မျဉ်းကြောင်းတစ်ခု၏အလယ်တွင်ရှိသောအမှတ်တစ်ခုကိုရွေးချယ်ပါ။ ထို့နောက် Toosl menu တွင် Split Way ကိုရွေးလိုက်ပါက မျဉ်းကြောင်း အစိတ်အပိုင်းနှစ်ခု ဖြစ်သွားမည်ဖြစ်၏။

၂။ ပေါင်းစပ်လမ်းကြောင်း (Combine Way) ။ ။ ခွဲထွက်လမ်းကြောင်းလုပ်ဆောင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မျဉ်းနှစ်ကြောင်းကို တစ်ကြောင်းတည်းအဖြစ်ပေါင်းစပ်ရာတွင်အသုံးပြုပြီး လမ်းကြောင်းပေါ်ရှိအမှတ်များကိုလည်း အတူပေါင်းစပ်ပေးသည်။ သင်ပေါင်းစပ်လိုသော မျဉ်းနှစ်ကြောင်းကိုရွေးပါ။ တစ်ခုထက်ပိုသော အရာဝတ္ထုများကိုရွေးချယ်နိုင်ရန်အတွက် ကွန်ပျူတာကီးဘုတ်မှ SHIFT ခလုတ်ကို ဖိနှိပ်ထားလျက် ရွေးချယ်လိုသောအရာများကို တစ်ခုချင်းနှိပ်ကာရွေးနိုင်ပါသည်။ မျဉ်းနှစ်ကြောင်းလုံးကိုရွေးချယ်ပြီးပါက Tools menu ရှိ Combine Way ကိုရွေးချယ်ပါ။

![Combine way][]

လားရာဘက်မတူသော လမ်းကြောင်းများကို ပေါင်းစပ်မည်ဆိုပါက အောက်တွင်မြင်တွေ့ရသော 
သတိပေးစာတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။

![Reverse and combine][]

လမ်းများကိုပေါင်းစပ်ပြီးနောက် လားရာတစ်ဘက်တည်းသာ ညွှန်ပြမည်ဆိုပါက 
"Reverse and Continue" ကိုရွေးပါ။

၃။ လားရာလှည့်သောလမ်းကြောင်း (Reverse Way) ။ ။ မျဉ်းကြောင်း၏လားရာအရပ်ကို လှည့်ပြောင်းရန်အသုံးပြုသည်။ OSM မြေပုံများရှိလမ်းကြောင်းများတွင် လားရာဘက်တစ်ခုပါရှိမြဲဖြစ်ပြီး JOSM ဆော့လ်ဖ်ဝဲလ်တွင် မျဉ်းကြောင်းပေါ်ရှိ မြားခေါင်းများဖြင့် လားရာဘက်ကိုဖော်ပြပေးသည်။ တိကျသောလားရာဘက် ရှိစမြဲဖြစ်သည့်တစ်လမ်းသွားလမ်းများ၊ မြစ်ချောင်းများမှလွဲ၍ မျဉ်းကြောင်းလားရာဘက်ဖော်ပြခြင်းကိုအလေးထားစရာမလိုပေ။ ယခုလေ့ကျင့်ခန်းတွင် မျဉ်းကြောင်းလားရာဘက် ပြောင်းလဲမှုကို လေ့ကျင့်နိုင်သည်။

![Way direction][]

၄။ ရိုးရိုးရှင်းရှင်းဖော်ပြသောလမ်းကြောင်း (Simplify Way) ။ ။ သင်ရေးဆွဲသောမျဉ်းကြောင်းပေါ်တွင် အမှတ်များစွာပါရှိနေပြီး အမြင်ရှင်းသောလမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလိုပါက အသုံးပြုသောလုပ်ဆောင်ချက်ဖြစ်သည်။ မျဉ်းကြောင်းပေါ်ရှိ အမှတ်အချို့ကိုဖယ်ရှားပေးသည့်လုပ်ဆောင်ချက်ဖြစ်၏။

![Simplify way][]

၅။ စက်ဝိုင်းရှိအမှတ်ငယ်များကိုချိန်ညှိခြင်း (Align Nodes in Circle) ။ ။ စက်ဝိုင်းပုံတစ်ခုကို သင်ရေးဆွဲသည်ဆိုပါစို့။ သင်တတ်စွမ်းသမျှ အဝိုင်းပုံတစ်ခုဖြစ်အောင်ဦးစွာရေးဆွဲပြီး ယင်းကိုရွေးချယ်လိုက်ပါ။ ယခုလုပ်ဆောင်ချက်အပိုင်း (Align Nodes in Circle) သည်သင်ရေးဆွဲသောစက်ဝိုင်းပုံကို ပိုမိုဝိုင်းစက်လာစေရန်ကူညီပေးမည်ဖြစ်သည်။

၆။ စက်ဝိုင်းပုံရေးဆွဲခြင်း (Create Circle) ။ ။ ပိုမိုတိကျသော စက်ဝိုင်းပုံရရှိရန်အတွက် ယခုလုပ်ဆောင်ချက်ကိရိယာကို လှည့်ပြောင်းသုံးစွဲနိုင်ပါသည်။ စက်ဝိုင်းအချင်းအဖြစ် သတ်မှတ်မည့်မျဉ်းတစ်ကြောင်းကို ဦးစွာရေးဆွဲပြီး ယခုလုပ်ဆာင်ချက်ကိုအသုံးပြုပါက စက်ဝိုင်းပုံရရှိမည်ဖြစ်သည်။

![Create circle][]

၇။ မျဉ်းကြောင်းပေါ်ရှိ အမှတ်ငယ်များကိုချိန်ညှိခြင်း (Align Nodes in Line) ။ ။ မျဉ်းကြောင်းပေါ်ရှိအမှတ်များကို တဖြောင့်တည်းဖြစ်စေရန် ဆောင်ရွက်ပေးသည်။ မျဉ်းကြောင်းရှည်များကို တဖြောင့်တည်း ဖြစ်အောင်လုပ်ဆောင်ရာတွင် အသုံးဝင်သည်။ မျဉ်းကြောင်း ယိမ်းယိုင်မှုမရှိစေရန်အတွက် ဂရုပြုသုံးစွဲဖို့လိုအပ်သည်။

![Align nodes in line][]

၈။ ထောင့်မှန်ပုံသဏ္ဍာန် (Orthogonalize Shape) ။ ။ အဆောက်အဦများရေးဆွဲရာတွင် အသုံးဝင်သည်။ အဆောက်အဦနေရာတစ်ခုကို ရေးဆွဲပြီးပါက ထောင့်မှန်ခံအနားများအဖြစ် ပုံသဏ္ဍာန်ပြန်လည်ပြုပြင်ရာတွင် အသုံးပြုသည်။

![Orthagonalize][]

၉။ ပြန်လည်ခွဲခြားပြသောလမ်းကြောင်း ။ ။ အမှတ်ငယ်များပေါင်းစပ်ထိကပ်မှုရှိလာပါက ပြန်လည်ခွဲခြားရှင်းလင်းပြသောလုပ်ဆောင်ချက်ကိရိယာဖြစ်သည်။ အတူပေါင်းစည်းခြင်းအတွက် မဖြစ်နိုင်သောအမှတ်ငယ်များကြားတွင် ရှင်းလင်းရန်အသုံးပြုသည်။ ဥပမာ။ လမ်းကြောင်းတစ်ခုပေါ်ရှိအမှတ်ငယ်သည် အဆောက်အဦတစ်ခုကိုဖော်ပြသော မျဉ်းကြောင်းပေါ်ရှိအမှတ်ငယ်တစ်ခုနှင့် ထပ်တူကျသွားသည်ဆိုပါစို့။ အဆောက်အဦထဲသို့ လမ်းမတစ်ခုဖောက်ဝင် ထားလေ့မရှိသည့်အတွက် မြေပုံဖော်ပြချက် မှားယွင်းသွားပါလိမ့်မည်။ ထိုသို့ကြုံတွေ့ပါက ယခုလုပ်ဆောင်ချက်ကိရိယာကိုအသုံးပြုလျက် အရာဝတ္ထုနှစ်ခုကို ပြန်လည်ကွဲကွာသွားရန် လုပ်ဆောင်ပေးနိုင်သည်။

![Unglue way][]

> မျဉ်းကြောင်းနှင့်အမှတ်ငယ်တို့သည် အရာဝတ္ထုများကိုနေရာရွှေ့ပြောင်းသည့်တိုင် ကွဲကွာမသွားနိုင်သောကြောင့်ဖြစ်သည်။

ကွန်ပျူတာကီးဘုတ် ဖြင့်မြန်ဆန်စွာအသုံးပြုနိုင်သော နည်းလမ်းများ

မြေပုံတည်းဖြတ်မှုပြုရာတွင် တည်းဖြတ်မှုများလျှင်များသလောက် အချိန်ပေးရမှုများလည်းကြုံတွေ့လာနိုင်သည်။ ယင်းအချက်ကို ကျော်လွှားရန်အတွက် JOSM ဆော့လ်ဖ်ဝဲလ်တွင် ကွန်ပျူတာကီးဘုတ် ဖြတ်လမ်းနည်းများ ထည့်သွင်းပါရှိသည်။

မိမိပြင်ဆင်တည်းဖြတ်လိုသော အရာဝတ္ထုကိုရွေးချယ်ထားပြီး menu ဘားတန်းဆီသို့ တဖန်ပြန်သွားရမည့်အစား ကွန်ပျူတာကီးဘုတ်မှ ခလုတ်တစ်ခုကိုနှိပ်ယူလုပ်ဆောင်နိုင်ရန် စီမံထားရှိသည်။

ဖော်ပြခဲ့ပြီးသောလုပ်ဆောင်ချက်ကိရိယာများအတွက် ကီးဘုတ် ဖြတ်လမ်းနည်းများကို Tools menu ၏ ညာဘက်ခြမ်းတွင် အသီးသီးဖော်ပြပါရှိသည်။ ဥပမာ။ ခလုတ် “O” သည် စက်ဝိုင်းရှိအမှတ်ငယ်များ ချိန်ညှိရန်အတွက်ကိုယ်စားပြုပြီး ခလုတ် “L” သည် မျဉ်းကြောင်းပေါ်ရှိ အမှတ်ငယ်များကိုချိန်ညှိခြင်းအတွက်ဖြစ်သည်။ ကီးဘုတ်ဖြတ်လမ်းနည်း ခလုတ်များကိုသိရှိရန် အချိန်ပေးလေ့လာရမည်ဖြစ်သော်လည်း မြေပုံတည်းဖြတ်ရာတွင်အချိန်ကြာလာသည်နှင့်အမျှ အချိန်ကုန်သက်သာမှုကို ရရှိစေမည်ဖြစ်သည်။

အရေးကြီးသောလုပ်ဆောင်ချက်များ၏ ကီးဘုတ် ဖြတ်လမ်းနည်း ခလုတ်များကိုဆေးသားထူစာလုံး (in bold) ဖြင့်အောက်တွင်ဖော်ပြထားသည်။

  • ၁။ ရွေးချယ်ကိရိယာကိုရယူရန် - S
  • ၂။ ပုံဆွဲကိရိယာကို ရယူရန် - A
  • ၃။ မြင်ကွင်းချုံ့ချဲ့ကိရိယာအတွက် - Z
  • ၄။ ရွေးချယ်မှုကိုဖယ်ရှားရန် - Delete
  • ၅။ မြင်ကွင်းချဲ့ - +
  • ၆။ မြင်ကွင်းချုံ့ - -

အရွယ်အစားနှင့်နေရာလှည့်ပြောင်းကစားခြင်း

ရေးဆွဲပြီးသွားသော မျဉ်း သို့မဟုတ် ပုံသဏ္ဍာန်ကိုမည်သို့လှည့်ပြောင်းကစားကာ နေရာချနိုင်သနည်း ဆိုသည်က မေးလေ့ရှိသောမေးခွန်းဖြစ်၏။

  • အရာဝတ္ထုတစ်ခုကို လှည့်ပြောင်းကစားရန်အတွက် ဦးစွာရွေးချယ်သတ်မှတ်ပါ။
  • ကွန်ပျူတာကီးဘုတ်မှ SHIFT နှင့် CTRL (SHIFT+CTRL) ခလုတ်များကို တပြိုင်တည်းဖိနှိပ်ထားပါ။
  • ထို့နောက်မိမိလှည့်ပြောင်းကစားလိုသောအရာကိုနှိပ်၍ ကွန်ပျူတာ mouse ကိုလှုပ်ရှားကစားပေးပါ။

Rotate demo

အရာဝတ္ထု၏အရွယ်အစား(အကြီး၊အသေး) ချိန်ညှိရန်အတွက် အထက်ပါနည်းအတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး
ALT နှင့် CTRL ခလုတ်နှစ်ခုကိုပြောင်းလဲဖိနှိပ်ပေးထားရန် လိုအပ်သည်။

အထက်ပါညွှန်ကြားချက်များကို JOSM ဆော့ဖ်ဝဲလ်မျက်နှာပြင်၏ အောက်ခြေဘက်တွင် ဘားတန်းတစ်ခုဖြင့်ဖော်ပြပေးနေမည်ဖြစ်သည်။ (အောက်ပုံတွင်ရှုရန်)

Rotate instructions