JOSM ဆော့ဖ်ဝဲလ်ကိုစတင်လေ့လာခြင်း
Reviewed 2015-07-12
ယခုသင်ခန်းစာတွင် JOSM ဆော့ဖ်ဝဲလ်ကိုရယူခြင်း၊ ကွန်ပျူတာတွင်အသုံးပြုရန်ထည့်သွင်းခြင်း၊ အပြင်အဆင်များပြောင်းလဲခြင်း၊ မြေပုံတစ်ခုစမ်းသပ်ရေးဆွဲခြင်းနှင့်
ဆော့ဖ်ဝဲလ်အသုံးပြုပုံအခြေခံများကိုလေ့လာကြမည်။ JOSM သည် java အခြေခံဆော့ဖ်ဝဲလ်တခုဖြစ်ပြီး
OpenStreetMap ၏မြေပုံတည်းဖြတ်မှုများတွင်အသုံးပြုရန် ရေးသားထားခြင်းဖြစ်သည်။ OSM ၏မိတ်ဆက်သင်ခန်းစာအဖြစ် သင်တို့မြို့၊
ရွာ၏ မြေပုံကိုရေးဆွဲကြည့်ခိုင်းသည်ကို မှတ်မိပါရဲ့လား။ ယခုသင်ခန်းစာ၏အဆုံးသတ်ပိုင်းတွင်လည်း ဒီဂျစ်တယ်နည်းပညာဖြင့် မြေပုံတစ်ခုရေးဆွဲစေမည်ဖြစ်သည်။
သင်ခန်းစာပြီးဆုံးပါက JOSM ဆော့ဖ်ဝဲလ်ကိုအသုံးပြုပြီး မြေပုံတစ်ခုရေးဆွဲခြင်းကို
ကောင်းစွာနားလည်နိုင်ရန် ရည်ရွယ်ပါသည်။
JOSM ဆော့ဖ်ဝဲလ်ကိုရယူခြင်း
- သင့်ထံတွင် JOSM ဆော့ဖ်ဝဲလ်ပါရှိသော CD ခွေ သို့မဟုတ် USB Memory Stick သိုမှီးကိရိယာရှိပါက
ယခုအပိုင်းကိုချန်လှပ်ထားခဲ့နိုင်ပါသည်။
- သို့မဟုတ်ပါက ဆော့ဖ်ဝဲလ်ရယူရန်အတွက် အင်တာနက်ရှာဖွေရေး ဆော့ဖ်ဝဲလ်တစ်မျိုးမျိုးကို
အသုံးပြုပြီး ရှာဖွေရန်ဖြစ်သည်။ ဥပမာ … Firefox, Chrome, Opera နှင့် Internet
Explorer.
-
- ထို့နောက် ဆော့ဖ်ဝဲလ်ရှာဖွေရန်အတွက်
- josm.openstreetmap.de ဟုရိုက်ထည့်ရှာဖွေပါ။
- “JOSM”ဟုရိုက်ထည့်ပြီး တစ်ဆင့်ချင်းရှာဖွေလျှင်လည်း ရနိုင်ပါသည်။
-
အပေါ်တွင်ပြထားသော အင်တာနက်ချိတ်ဆက်မှုအတိုင်း ရိုက်နှိပ်ရှာဖွေပါက အောက်ပါပုံအတိုင်း မြင်တွေ့ရမည်။
-
Micorsoft မှထုတ်လုပ်သော Windows ကို သင့်ကွန်ပျူတာ၏ အခြေခံမောင်းနှင်ရေး ဆော့ဖ်ဝဲလ်အဖြစ်အသုံးပြုပါက “Windows Installer” ကိုရွေးချယ်ပါ။
- အခြားသော အခြေခံမောင်းနှင်ရေးစနစ်ကိုအသုံးပြုပါက သင်အသုံးပြုသော စနစ်နှင့်ကိုက်ညီသော
ချိတ်ဆက်မှုတစ်ခုခုတွင် နှိပ်၍ JOSM ဆော့ဖ်ဝဲလ်ကိုရယူပါ။ ယခုသင်ခန်းစာတွင်
Microsoft Windows ကိုအသုံးပြုသူများအတွက် ရည်ရွယ်ဖော်ပြသော်လည်း
ဆော့ဖ်ဝဲလ်ထည့်သွင်းရန် ညွှန်ကြားချက်များမှာ အတူတူပင်ဖြစ်သည်။
ဆော့ဖ်ဝဲလ်အသုံးပြုရန်ထည့်သွင်းခြင်း
JOSM ဆော့ဖ်ဝဲလ်မှာ java အခြေခံရေးသားထားခြင်းကြောင့် သင့်ကွန်ပျူတာတွင် java
ထည့်သွင်းထားရန်လိုအပ်သည်။ ထည့်သွင်းထားခြင်းမရှိသေးပါက
အောက်ပါအတိုင်းရိုက်နှိပ်ရှာဖွေပြီး ရယူနိုင်ပါသည်။
http://www.java.com/en/download/
Apple ကုမ္ပဏီထုတ် Mac ကိုအသုံးပြုသူများတွင်အဆင်ပြေသော java ဗားရှင်းများဖြစ်သည့် OSX 10.6 နှင့် 10.7.3+တို့ကို သိရှိနိုင်ရန်အတွက်http://wiki.openstreetmap.org/wiki/JOSM/Mac#Installationတွင်သွားရောက်ဖတ်ရှုနိုင်သည်။
ဆော့ဖ်ဝဲလ်အတွင်း ရွေးချယ်မှုများ
JOSM ဆော့ဖ်ဝဲလ်တွင် အပြင်အဆင်များကို မိမိစိတ်ကြိုက် ပြင်ဆင်ထားနိုင်သည်။
ယင်းတို့ထဲတွင် ဘာသာစကားရွေးချယ်မှုအပိုင်းလည်း တစ်ခုအပါဝင်ဖြစ်၏။ ဆော့ဖ်ဝဲလ်ကို
ဘာသာစကားများစွာဖြင့် သုံးစွဲနိုင်ရန်စီစဉ်ထားပြီး
မိမိနှစ်သက်ရာ ဘာသာစကားတစ်မျိုးကို ရွေးချယ်နိုင်သည်။
မြေပုံဆွဲမှု အခြေခံများကိုလေ့လာခြင်း
အခြေခံလုပ်ဆောင်ချက်များ
အမှတ်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဍာန်များ
- မြေပုံပေါ်ရှိအရာဝတ္ထုအသီးသီးကို နှိပ်ကြည့်ပါက အမျိုးကွဲ ၃ မျိုးဖြစ်ကြောင်း
သတိထားမိလိမ့်မည်။ ယင်းတို့ကား အမှတ်၊
မျဉ်းကြောင်း နှင့် ပုံသဏ္ဍာန်များ ဖြစ်သည်။
- အမှတ်များသည် တည်နေရာတစ်ခုချင်းကိုဖော်ပြပြီး သင်္ကေတများဖြင့်ကိုယ်စားပြုထား၏။ နမူနာမြေပုံတွင်
ဖိနပ်ဆိုင်နှင့် စူပါမားကတ် ဟူ၍ အမှတ်နှစ်ခုပါရှိသည်။
ဖိနပ်ဆိုင်ကို ဖိနပ်သင်္ကေတ၊
စူပါမားကတ်ကို ဈေးဝယ်လှည်းသင်္ကေတ စသည်ဖြင့်ခွဲခြားဖော်ပြထား၏။
- လမ်းများကိုကိုယ်စားပြုသောမျဉ်းကြောင်းများလည်း မြေပုံတွင်ပါရှိသည်။
မျဉ်းကြောင်းများတွင် အမှတ်များပါဝင်ပြီး သီးခြားဖော်ညွှန်းချက်များ
ပြဆိုမထားပေ။ သို့သော် လမ်း၏
တည်နေရာကို ဖော်ပြရန်အတွက်
အထောက်အပံ့ပြုလျက်ရှိ၏။
- တောအုပ်၊ မြစ် ၊ ပန်းခြံ နှင့် အဆောက်အဦများအတွက်
ပုံသဏ္ဍာန်အမျိုးမျိုးကို အသုံးပြုထားသည်။ ကွင်းပြင်၊ အဆောက်အဦ တို့ကဲ့သို့နေရာများကို
ပုံသဏ္ဍာန်များဖြင့် ကိုယ်စားပြုဖော်ပြသည်။ ပုံသဏ္ဍာန်များရေးဆွဲရာတွင်
မျဉ်းကြောင်းများသာအသုံးပြုပြီး အစမှတ်နေရာ၌
ပြန်လည်အဆုံးသတ်ခြင်းသာကွာခြားသည်။
အမှတ်၊ မျဉ်းကြောင်းနှင့် ပုံသဏ္ဍာန် ဟူသောအခြေခံအမျိုးအစား ၃ မျိုးသာပါဝင်သဖြင့်
မှတ်ရလွယ်ကူစေသည်။ OpenStreetMap တွင်
ဝေါဟာရများသီးသန့်ခေါ်ဝေါ်သုံးစွဲပြီး အမှတ်ကို nodes၊
မျဉ်းကြောင်းများကို ways ၊ ပုံသဏ္ဍာန်ကို closed way
ဟုသတ်မှတ်သည်။
- အရာဝတ္ထုတစ်ခုကိုရွေးချယ်လိုက်ပါက ယင်းနှင့်သက်ဆိုင်သောဖော်ပြချက်များကို
မြေပုံ၏ညာဘက်ဘေးအကွက်များတွင် “Properties” ဟူ၍တွေ့မြင်နိုင်သည်။ ယင်းတို့ကို အညွှန်း
“tag” ဟုခေါ်သည်။ အရာဝတ္ထုများနှင့်သက်ဆိုင်သော အချက်အလက်များကို
အညွှန်းက ဖော်ပြပေးသည်။ အညွှန်း“tag” နှင့်ပတ်သက်သည်များကို နောက်သင်ခန်းစာများတွင်
ပိုမိုအသေးစိတ် လေ့လာနိုင်ပါသည်။ ယခုအခန်းတွင် ၄င်း အရာ၀တ္ထုသည်
တောအုပ်တစ်ခု၊ မြစ်တစ်ခု၊
အဆောက်အဦတစ်ခု သို့မဟုတ် မည်သည့်အရာ၀တ္ထုတစုံတရာဖြစ်ကြောင်း အကြမ်းဖျဉ်းနားလည်အပ်သည်။
- မြေပုံကိုလက်ဖြင့်ရေးဆွဲခြင်းနှင့် အမှတ်၊မျဉ်းကြောင်းနှင့်ပုံသဏ္ဍာန်များသုံးကာရေးဆွဲခြင်း တို့ကို
စဉ်းစားကြည့်ပါ။ အခြားမည်သည့်အရာများကိုလည်း အမှတ်၊ မျဉ်းကြောင်းနှင့်
ပုံသဏ္ဍာန်များဖြင့် အကောင်းဆုံးကိုယ်စားပြုဖော်ပြမည်နည်း။
အရာဝတ္ထုများကိုနေရာရွှေ့ခြင်း
- မြေပုံ၏ ဘယ်ဘက်ခြမ်းရှိတောအုပ်ကို ရွေးချယ်ပါ။ ရွေးချယ်ရာတွင်
တောအုပ်အဖြစ် ဖော်ပြထားသော ပတ်ပတ်လည်မျဉ်းကြောင်းပေါ်သို့ အတိအကျနှိပ်မိရမည်ဖြစ်ပြီး
မျဉ်းကြောင်းပေါ်ရှိ အမှတ်များပေါ်မနှိပ်မိအောင် သတိပြုပါ။
ထို့နောက် mouse ၏ ဘယ်ဘက်ခလုတ်ကိုဖိနှိပ်ထားလျှက် လိုရာသို့ရွှေ့ပါ။
- တောအုပ်ပတ်ပတ်လည်မျဉ်းကြောင်းပေါ်ရှိ အမှတ်တခုပေါ်သို့ နှိပ်ပါ။ ပြီးနောက်
mouse ၏ဘယ်ဘက်ခလုတ်ကို ဖိနှိပ်ဆွဲပါ။
အရာဝတ္ထု၏ ပုံသဏ္ဍာန်ကိုပြောင်းလဲရန်အတွက်
ယခုနည်းလမ်းကို အသုံးပြုနိုင်သည်။
ပုံဆွဲခြင်း
ကြိုတင်သတ်မှတ်ချက်များထည့်သွင်းခြင်း
ကိုယ်ပိုင်မြေပုံဆွဲခြင်း
- လေ့လာခဲ့ပြီးသော နည်းနာများကို လေ့ကျင့်ရန်အတွက် ကိုယ်ပိုင်မြေပုံတခုဆွဲကြပါစို့။
စာရွက်ပေါ်တွင်ရေးဆွဲထားသောမြေပုံကို လေ့ကျင့်ရေးဆွဲကြည့်နိုင်သည်။
- နေရာလွတ်ကျယ်ကျယ် ရသည်အထိ
နမူနာမြေပုံကို ဖယ်ရှားရွှေ့ပြောင်းပါ။
- ပုံဆွဲခလုတ်ကိုအသုံးပြုလျက် အမှတ်၊ မျဉ်းကြောင်း နှင့် ပုံသဏ္ဍာန်များကိုရေးဆွဲပါ။
ထို့နောက် မည်သည့်အရာများဖြစ်သည်ကို သတ်မှတ်ဖော်ပြပေးပါ။
- အဆင့်အားလုံးပြီးဆုံးပါက နမူနာမြေပုံကဲ့သို့
ကိုယ်ပိုင်မြေပုံတစ်ခု ရရှိမည်ဖြစ်သည်။
အကျဉ်းချုပ်ဖော်ပြချက်
ကောင်းပါပြီ။ JOSM ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာတွင်ထည့်သွင်းခြင်းနှင့်
မြေပုံရေးဆွဲခြင်းအခြေခံများကို သင့်အနေဖြင့်ကောင်းစွာလေ့လာခဲ့ပြီးပါပြီ။ JOSM အသုံးပြု၍
OSM မြေပုံတည်းဖြတ်ခြင်းအကြောင်းကို နောက်သင်ခန်းစာတွင်ဆက်လက်လေ့လာကြပါမည်။