- Other guides
- စတင်အသုံးပြုသူအတွက် လမ်းညွှန်
- JOSM - အသေးစိတ် ပြင်ဆင်တည်းဖြတ်ခြင်း
- JOSM ဆော့ဖ်ဝဲလ်ကိုစတင်လေ့လာခြင်း
- JOSM ဆော့ဖ်ဝဲလ်တွင်မြေပုံတည်းဖြတ်မှုပြုခြင်း
- မြေပြင်အချက်အလက်များတွင် ပြင်ဆင်တည်းဖြတ်ခြင်း
- JOSM ဆော့လ်ဖ်ဝဲလ်၏ကိရိယာများ
- JOSM ဆော့လ်ဖ်ဝဲလ်သို့ ထပ်ပေါင်းဖြည့်စွက်နိုင်သည်များ (JOSM Plugins)
- JOSM ဆော့လ်ဖ်ဝဲလ်မှ Building Tools နှင့် Utilsplugin2 plugins တို့ကိုလေ့လာခြင်း
- JOSM ဆော့လ်ဖ်ဝဲလ်တွင်ပါဝင်သော ကြိုတင်သတ်မှတ်ချက်များ
- JOSM - သီးသန့်ပြင်ဆင်ထားသော Presets များကိုဖန်တီးခြင်း
- JOSM စုဖွဲ့ဖော်ပြခြင်း(Relations)
- ကောင်းကင်ဓါတ်ပုံ (Aerial Imagery)
- JOSM တွင်tms, wms သို့မဟုတ် wmts ဂြိုဟ်တုဓါတ်ပုံများထည့်သွင်းခြင်း
- ဂြိုဟ်တုဓါတ်ပုံကို မှန်ကန်အောင်ချိန်ညှိခြင်း
- JOSM ပုံရိပ်ပြတ်သားမှုဆိုင်ရာကွဲလွဲချက်
- အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
- လက်ကိုင်ဖုန်း (သို့) GPS (သို့) စာရွက်ဖြင့် မြေပုံဆွဲခြင်း
- OSM ၏အချက်အလက်များ
- HOT အကြောင်းသိကောင်းစရာများ − မြေပုံရေးဆွဲသူအသစ်များအတွက် iD editor အသုံးပြုမှုစတင်ခြင်း
|
JOSM ဆော့လ်ဖ်ဝဲလ်သို့ ထပ်ပေါင်းဖြည့်စွက်နိုင်သည်များ (JOSM Plugins)
မြေပုံပြင်ဆင်တည်းဖြတ်မှု နည်းစနစ်များ တိုးတက်လာသည်နှင့်အမျှ သင့်စွမ်းဆောင်ရည် တိုးတက်ရန်အတွက် အပိုထပ်ဆောင်း အသုံးပြုနိုင်သောအရာများကို JOSM ဆော့လ်ဖ်ဝဲလ်တွင် ထည့်သွင်းထားနိုင်သည်။ အသုံးဝင်သော အပိုဖြည့်စွက်ချက်များနှင့် ယင်းတို့ကို JOSM ဆော့လ်ဖ်ဝဲလ်အတွင်း ထည့်သွင်းခြင်းအကြောင်းကို ယခုအခန်းတွင် လေ့လာကြမည်ဖြစ်သည်။ ဖြည့်စွက်မှုများကို ထည့်သွင်းခြင်း (Installing Plugins)ဖြည့်စွက်မှုအသစ်များ (Plugins) ကိုထည့်ပေါင်းလိုပါက menu ဘားတန်းရှိ Edit မှ Preferences ကိုရွေးချယ်ပြီး Plugins ကိုနှိပ်ပါ။
ကျွန်ုပ်တို့နှစ်သက်သော ဖြည့်စွက်မှု (Plugins) အချို့မှာအောက်ပါအတိုင်းဖြစ်သည်။ ၁။ buildings_tools ။ ။ အဆောက်အဦပုံသဏ္ဍာန် ခပ်များများ ရေးဆွဲရာတွင် လွယ်ကူမြန်ဆန်စေသည်။ ၂။ DirectUpload ။ ။ GPS လမ်းကြောင်းများ စုစည်းဖော်ပြမှုကို OpenStreetMap ဒေတာအချက်အလက်သိုမှီးမှုသို့ သိမ်းဆည်းရာတွင်လွယ်ကူစေသည်။ ၃။ editgpx ။ ။ GPS နည်းပညာအသုံးပြုထားသော နေရာပြစနစ်ဖြစ်သည့် Garmin စက်ပစ္စည်းများမှတစ်ဆင့် GPS လမ်းကြောင်းများကို ဝင်ရောက်သိမ်းဆည်းနိုင်ရန်အတွက် editgpx ထည့်သွင်းရန်လိုအပ်သည်။ အကြောင်းမှာ Garmin ပစ္စည်းများမှ GPS လမ်းကြောင်းများကိုOpenStreetMap မှလက်ခံမှုမရှိခြင်းကြောင့်ဖြစ်သည်။ ၄။ fieldpapers ။ ။ ကွန်ပျူတာအတွင်း သိမ်းဆည်းထားပြီးသော ကွင်းဆင်းမြေပုံများ( scanned Field Papers) ကို JOSM ဆော့ဖ်ဝဲလ်အတွင်း ထည့်သွင်းရန်အသုံးပြုသည်။ ၅။ imagery_offset_db ။ ။ OpenStreetMap မှအဓိကအသုံးပြုသော Bing ဂြိုဟ်တုပုံရိပ်တွင် တစုံတရာအမှားအယွင်းရှိနေကြောင်းသိရှိထားသော မြေပုံဆွဲသူတစ်ဦးဦးနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရန်အတွက်အသုံးပြုသည်။ နောက်လာမည့်သင်ခန်းစာတစ်ခုတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိရမည်ဖြစ်သည်။ ၆။ mirrored_download ။ ။ ပိုမိုကြီးမားသောဧရိယာအကျယ်အဝန်းရှိသည့် OSM ဒေတာများကို ရယူနိုင်ရန်အသုံးပြုသည်။ ၇။ print: ။ ။ တည်နေရာတစ်ခုကို မြန်ဆန်စွာပုံနှိပ်ထုတ်ယူရန်အတွက်အသုံးပြုသည်။ ၈။ utilsplugin2 ။ ။ အဆင့်မြင့်အသုံးချသူများအတွက် JOSM ဆော့လ်ဖ်ဝဲလ်အတွင်းသို့ အသုံးချကိရိယာများနှင့် menu များထည့်သွင်းရန်အသုံးပြုသည်။ နောက်လာမည့်သင်ခန်းစာ တွင်အသေးစိတ်ရှင်းပြထားပါသည်။
ဤအခန်းသည် သင့်အတွက်အထောက်အကူပြုပါသလား။
ကျွန်ုပ်တို့၏လမ်းညွှန်မှုများကိုတိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့အားအသိပေးခြင်းဖြင့်ကူညီပါ။
|